စစ်ဘေးရှောင် ၂၀၀ ခန့် ရပ်ရွာပြန်

စစ်ဘေးရှောင် ၂၀၀ ခန့် ရပ်ရွာပြန်

စက်တင်ဘာလ ၃၀ ရက်နေ့က သိန္နီမြို့သို့ စစ်ရှောင်လာသော ဒေသခံ ၂၀၀ ခန့်မှာ ၎င်းတို့ နေထိုင်ရာ ကျေးရွာသို့ ယမန်နေ့ (အောက်တိုဘာလ ၁ ရက်နေ့) နံနက်တွင် ပြန်သွားကြသည်ဟု သိန္နီမြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာတော် ခွန်ဂမ် က ပြောသည်။

“၁၉၈ ယောက် ဒီမနက် (အောက်တိုဘာလ ၁ ရက်နေ့) ပဲ ပြန်သွားကြပြီ ခင်ဗျား။ သူတို့က တည်ငြိမ်ပြီ ပြန်တော့မယ်ဆိုတော့ ပြန်ခိုင်းလိုက် တယ်ပေါ့။”

စစ်ဘေးရှောင်များ စစ်ဘေးရှောင်လာရသည့် အကြောင်းအရင်းနဲ့ ပတ်သက်ပြီး သိက္ခာတော်ရ ဆရာတော် ခွန်ဂမ် က ယခုကဲ့သို့ ဆက်ပြောသည်။

“ရွာကတစ်ချို့ လူတွေက ရွာအပြင်ထွက်တဲ့ အချိန်မှာ လက်နက်ကိုင်တစ်ချို့ကို ပြန်တွေ့တာပေါ့နော အဲလိုတွေ့ တော့ ရွာမှာလည်း စစ်တပ်က ရှိနေတယ်ဆိုတော့ စစ်ပြန်ဖြစ်တော့မယ်ဆိုပြီးမှ ပြောလို့ အုပ်ချုပ်ရေးမှူးတွေ လည်း ခနရှောင်ကြလို့ ပြောလို့ ရှောင်လာတယ်လို့ ပြောကြတယ်”

သိန္နီမြို့သို့ စစ်ဘေးရှောင် လာသူများမှာ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန်ပိန်းကျေးရွာမှ ဒေသခံများဖြစ်ပြီး မန်ပိန်းရွာသည် ကွတ်ခိုင်မြို့နယ်နဲ့ သိန္နီမြို့နယ်ကြားတွင် တည်ရှိသည်။

စစ်ဘေးရှောင်များကို သိန္နီမြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း ခန်းမတွင် ထားရှိပြီး ၎င်းတို့၏ စားဝတ်နေရေးအတွက် အသင်းတော်က တာဝန်ယူခဲ့သည်ဟု သိန္နီဒေသခံ က ပြောသည်။

ယခုရက်ပိုင်းအတွင်း လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မန်ပိန်းကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ရှိသည်ဟု သိရသည်။

“စစ်ဖြစ်တော့ ရွာထဲမှာ လက်နက်ကြီးတွေကျတယ်။ ထိတဲ့လူတွေ တောင်မှ ၃ ယောက်လောက်ရှိတယ်ပေါ့ မိုင်းစမှန်တာတွေ အဲလိုတွေရှိတော့ ပထမရက်ကတော့ ၃ နာရီ ၄ နာရီ ၅ နာရီတွေလောက်ဖြစ် တယ်လို့ ပြော ကြတယ်။”ဟု သိက္ခာတော်ရ ဆရာတော် ခွန်ဂမ် က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့က မြန်မာ့တပ်မတော်နဲ့ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား မန်ပိန်းကျေးရွာအနီးတွင်တစ်ကြိမ်၊ ကောင်းခါးနဲ့ နမ့်အွမ်ရွာကြားတွင် ၂ ကြိမ်နဲ့ နမ့်ပေါ်တံတားပေါ်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

၎င်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ နောက်ပိုင်း ဒေသခံများမှာ တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် သိန္နီမြို့သို့ စစ်ဘေးရှောင်လာကြခြင်းဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...