လူငယ်နှစ်ဦးကို စစ်တွေအမှတ်(၁)ရဲစခန်းမှ ခေါ်ယူစစ်ဆေး

လူငယ်နှစ်ဦးကို စစ်တွေအမှတ်(၁)ရဲစခန်းမှ ခေါ်ယူစစ်ဆေး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူငယ်နှစ်ဦးကို စစ်တွေ အမှတ်(၁) ရဲစခန်းက စက်တင်ဘာ ၂၆ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့သည်။

စစ်ဆေးခံရသူ ကိုအောင်ချေက “ ခေါ်ယူစစ်ဆေးတာမှန်ပါတယ်။ ကျွန်တော်တို့က စစ်တွေက ချင်းပျံလမ်းက ထမင်းစားမလို့ လုပ်နေချိန်မှာ ရဲက ကားနဲ့ လာခေါ်ပါတယ်။ စစ်ဆေးတာကတော့ နံနက် ၁၀ နာရီကျော်ကနေ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်လောက်ထိ စစ်ဆေးပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

စစ်ဆေးခံရသူနှစ်ဦးမှာ ဘူးသီးတောင်မြို့မှ ကိုအောင်ချေ(ခ)ခိုင်ဇော်လင်းနှင့် ပေါက်တောမြို့မှ ခိုင်ဇော်(ခ) ခိုင်ဘိုဘို တို့ဖြစ်ကြောင်း သိရသည်။

“ စစ်ဆေးတဲ့ အခါ မေးတဲ့ အကြောင်း အရာ နှစ်ခု ရှိပါတယ်။ တစ်ခုက စက်တင်ဘာ ၂၅ ရက်နေ့ ညက အသတ်ခံရတဲ့ ကိုဖိုးလုံးကိစ္စနဲ့ ပတ်သက်ပြီး မေးပါတယ်။ ဒုတိယ တစ်ခုက စစ်တွေထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုဝေဟင်အောင်နဲ့ ပတ်သက်ပြီး မေးပါတယ်” ဟု ကိုအောင်ချေက ဆက်လက် ပြောဆိုသည်။

ထိုသို့ စစ်ဆေးမေးမြန်းပြီးနောက် ပြန်လည် လွတ်ပေးလိုက်သည်ဟု သိရသည်။

“ ကျွန်တော်တို့ကို ဘာကြောင့် စစ်ဆေးသလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့က AYC ရခိုင်လူငယ်ညီလာခံကို တက်ရောက်ခဲ့တဲ့ လူငယ်ကိုယ်စားလှယ် နှစ်ဦးဖြစ်ပါတယ်” ဟု ပြောကြားသည်။

မတ်လ ၂၅ ရက်နေ့ ည ၉ နာရီကျော်က စရဖ တပ်ကြပ်တစ်ဦးဖြစ်သူ ကိုဖိုးလုံး(ခ) ကိုဘဦး ဝင်္ကဘာကွင်း စျေးပွဲတော်မှ အပြန် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်တွေတွင် ရဲက စစ်ဆေးမေးမြန်းမှုများရှိလာသဖြင့် လူထုအကြားတွင် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများကပြောသည်။

April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...
April 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က...
April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...