ဖားကန့်မြေစာပုံ ပြိုကျမှုတွင် ရေမဆေးသမား ၄ ဦး သေဆုံး

ဖားကန့်မြေစာပုံ ပြိုကျမှုတွင် ရေမဆေးသမား ၄ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်းကျေးရွာ အုပ်စု မှော်စီစာ သာယာကုန်းမှော်တွင် မြေစာပုံဟောင်း ပြိုကျမှုကြောင့် ရေမဆေး ကျောက်တူးသမား ၄ဦး သေဆုံးမှု စက်တင်ဘာ ၂၅ ရက် နေ့တွင် ဖြစ်ပွားခဲ့သည်။

သေဆုံးသူ ၄ ဦးမှာ ဦးရေဂျေ ၊ ဦးမာဂွန်း၊ လရှီးတန်ဂွန်း၊ ဦးလဟုတ် ဇေဒေါင်တို့ဖြစ်ပြီး 3A အမည်ရှိ ကုမ္မဏီ လုပ်ကွက်ဟောင်းတစ်ခုတွင် ကျောက်စိမ်းတူးဖော်နေစဉ် မြေစာပုံပြိုကျလာသောကြောင့် သေဆုံးသွားခြင်း ဖြစ်သည်ဟု Green Land တာဝန်ခံ ဦး Ying Hkaw ထံမှ သိရသည်။

အခင်းဖြစ်ပွားချိန်တွင် သာယာကုန်း အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးအဖွဲ့များမှ ၄လောင်းကို ကယ်ထုတ်နိုင်ခဲ့ကာ Lawng Hkang (လုံးခင်း) ရင်ခွဲရုံကို ညနေ ၅ နာရီ အချိန်တွင် ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ဖားကန့်မှော်အတွင်း မြေစာပုံပြိုကျမှုကြောင့် တနိုင်တပိုင် ကျောက်စိမ်းတူးဖော်နေသော ရေမဆေးသမားများ သေဆုံးမှု လစဉ် ပုံမှန် ဖြစ်ပွားနေသည်ဟု သိရပါသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...