ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ဦးအောင်လျန်း နှင့် တွေ့ဆုံမေမြန်းခြင်း

ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ဦးအောင်လျန်း နှင့် တွေ့ဆုံမေမြန်းခြင်း
ချင်းဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးအောင်လျန်း
ချင်းဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးအောင်လျန်း

၂၀၁၈ နိုဝင်ဘာလ ၃ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မတူပီမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ဦးအောင်လျန်း နှင့် တွေ့ဆုံမေမြန်းခြင်း

မေး>>လက်ရှိစည်းရုံးရေး ဘယ်လိုအနေအထားရှိပြီလဲ။

ဖြေ>>>ပြည်သူတွေက မဲပေးချင်တဲ့ဆန္ဒလုံးဝမရှိတော့ဘူး လူထုတော်တော်များများက စိတ်ပျက်သွားပြီ လူထုတော်တော်များများက သူတို့ယုံ ကြည်ထားသလို မျော်လင့်ထားသလိုဖြစ်မလာလို့ပါ ဘာလို့လဲဆိုတော့ ချင်းပြည်နယ်ရဲ့အနေထားအနေနဲ့ကျွန်တော်တို့ဆိုရင်လည်း ဆိုင်ကယ်မရောက်တဲ့နေရာတွေဆိုရင် ခြေကျင်လျှောက်ရတာတို့ သူတို့ဘက်ကအခြေနေကောင်းတယ်လို့ ကျွန်တော်မျှော်မှန်းသလောက်တော့ ကောင်းတော့ကောင်းနှိုင်ပါတယ် ဒါပေမဲ့ တကယ်တမ်းပေးတဲ ့အချိန်ကျရင်ဘယ်လိုအနေထားရှိမလဲတော့မသိသေးဘူး။

မေး>>အခုအချိန်ထိမြင်ရတဲ့ အဓိကပြိုင်ဖက်က ဘယ်ပါတီဖြစ်မလဲ။

ဖြေ>>>အဓိကပြိုင်ဖက်က (NLD)ပါတီဖြစ်တယ်။

မေး>>မဲဆန္ဒရှင်တွေအနေနဲ့ ဆရာကို မဲပေးသင့်တဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ။

ဖြေ>>>မတူပီအနေထားတော့ (NLD)ကအနှိုင်ရထားပြီးသားဆိုတော့ ဆက်ပြီးညှိစရာတော့ မလိုတော့ဘူး အတိုက်ခံနဲ့ သွားတဲ့ သူကိုပေးချင်တယ် အခုကဖွံ့ဖြိုးရေးတွေက ပရမ်းပတာတွေဖြစ်နေတယ် ပြည်သူတွေကိုလည်း ထောက်ပြ ဝေဖန်လို့မရဘူး ခဗျားတို့ကဘာအဏာရှိလို့လည်း ဘာရာထူးရှိလို့ လဲ ပုံစံမျိုးဘဲဖြစ်နေတယ်။

မေး>>ဆရာ့ကို ပြည်နယ်လွှတ်တော်မှာ အရွေးခံရရင် လူထုကိုဘာကတိပေးနှိုင်မလဲ။

ဖြေ>>>လူထုရဲ့အသံကို လွှတ်တော်မှာတိုက်ရိုက် တင်သွင်းပေးမယ်။နောက်တစ်ခုက ရရှိတဲ့ ဘက်ဂျက်ကိုလည်း ပြည်သူတွက် အမှန်တကယ်လိုအပ်တဲ့ နေရာမှာအသုံးပြုမယ် တရားမျှတမှုကိုလည်း ပြည်သူလူထု ဟိုဘက်ဒီဘက် ဘက်မလိုက်ဘဲ မျှမျှတတဆောင်ရွက်ပေးမယ် ဒါကိုတော့ ပြည်သူကိုကတိပေးရဲတယ်။

မေး>>ဆရာမျှော်လင့်ထားတဲ့ မဲရလဒ်ကိုပြောပြလို့ရမလား။

ဖြေ>>> ကျွန်တော်တို့မဲဆန္ဒနယ်မှာ မဲပေးနိုင်တာ တစ်သောင်းခြောက်ထောင်ရှစ်ရာ ထဲမှာ တော်တော်များများက တခြားနေရာတွေရောက် အိမ်ထောင်စုထဲမှာပါတော့ မဲစရင်းထဲမှာပါတယ် အမှန်တကယ်ပေးနိုင်တဲ့သူက တစ်သောင်းနှစ်ထောင်လောက်ဘဲရှိတယ် လက်ရှိအခြေအနေထိတော့ ရှစ်ဆယ်ရာခိုင်နှုန်းတော့မှန်းထားပါတယ်။

မေး>>လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအပေါ် တရားမျှတမှုရှိမရှိနဲ့ ပတ်သက်ပြီး ဘယ်လောက်ယုံကြည်မှုရှိသလဲ။

ဖြေ>>>တရားမျှတမှုရှိပါတယ် သူတို့ဘာလုပ်လုပ် ကျွန်တော်ကတော့ အသန့်ရှင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ လူထုရွေးချယ်တဲ့ အပေါ်မှာမှုတည်သွားမှာပါ။

March 14, 2026
ရခိုင်ကုန်သည် တစ်ဦးမေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၅ သိန်း ( မြန်မာကျပ်ငွေ သိန်း ၇၅၀ခန့်)ကို ပိုင်ရှင်ထံ...
March 13, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ဘက်ကို စစ်ကူအင်အား ၂၀၀ ကျော်နဲ့...
March 12, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းမှာ ပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေမှာ စစ်ကောင်မရှင်ဘက်က...
March 11, 2026
နိုင်ငံတော်အတွက်ဖြစ်သင့်ဖြစ်ထိုက်တဲ့လိုက်လျောမှုတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်သလို...