KNU နှင့် KIO အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ လိုင်ဇာတွင်တွေ့ဆုံ

KNU နှင့် KIO အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ လိုင်ဇာတွင်တွေ့ဆုံ

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းအချို့ တွေ့ဆုံပြီး အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက် ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုုးထား သည့် ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ် ပါတီ NMSP၊ ချင်းအမျိုးသားတပ်ဦး CNF၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ NCA လက်မှတ်မထိုးရသေးသည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် ကချင်လွတ်မြောက် ရေးအဖွဲ့ KIO/KIA မှ ခေါင်ဆောင်းများ ၃ ရက်ကြာ တွေ့ဆုုံခဲ့ကြသည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က လမ်းခရီးအခြေအနေ ကြောင့် လမ်းတဝက်မှ လှည့်ပြန်ခဲ့ရပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကတော့ အစည်းအဝေး တက်ရောက်လာခြင်းမရှိဟု သိရသည်။

အစည်းအဝေးတွင် လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် လက်ရှိ သွားနေသည့် အခြေအနေများ၊ တိုင်းရင်းသားများ တောင်းဆိုသည့် ဖက်ဒရယ်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည် ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဒု-ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

“အခုကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက နိုင်ငံရေး ရည်မှန်းချက်ကတော့ တူကြပါ တယ်။ သို့သော်လည်းပဲ အစုအဖွဲ့တွေက ဆောင်ရွက်နေတဲ့ အခြေခံမူတွေကတော့ ကွာဟနေတဲ့အပေါ်မှာ ဘယ်လို ဘုံသဘောထားရပ်တည်ချက်တွေနဲ့ ဆောင်ရွက်ကြမလဲဆိုတဲ့ အပိုင်းတွေ ပြောတာတွေတော့ ရှိပါ တယ်။ ငြိမ်းချမ်းရေး process မှာ ကျနော်တို့ တိုင်းရင်း သားတွေရဲ့ တောင်းဆိုတဲ့ ဖက်ဒရယ်ကိစ္စပေါ့နော်၊ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရှင်းပြတဲ့ သဘောပါ။ ကျနော်တို့ အခုလက်ရှိဆောင်ရွက်နေတဲ့ ကိစ္စတွေ”ဟု ပဒိုစောကွယ်ထူးဝင်း က ပြောသည်။

စက်တင်ဘာ ၁၇ ရက်နေ့မှ ၁၉  ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသည့် အစည်းအဝေးတွင် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အတူတကွ ပူးပေါင်းပါဝင်နိုင်မည့် နည်းလမ်း များကို ဆွေးနွေးခဲ့ကြသည်ဟု ပဒိုစောကွယ်ထူးဝင်းက ဆက်ပြောသည်။

“အဓိကက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အခုဆောင်ရွက်နေတဲ့ပုံက တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ က သုံးဖွဲ့လိုဖြစ်နေတာကိုး။ ဒီနိုင်ငံရေး ရည်မှန်းချက်တူညီလိုု့ရှိရင် ဘယ်လိုအခြေခံမူနဲ့ ဘုံသဘောထား ရပ်တည် ချက်ကို ဆောင်ရွက်သွားမလဲဆိုတဲ့ ကိစ္စကိုတော့ သေချာဆွေးနွေးခဲ့ပါတယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ဆက် ပြောသည်။

သိုု့သော်လည်း အစည်းအဝေးအတွင်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချခဲ့ခြင်း မရှိခဲ့ဟု ဆိုသည်။

စက်တင်ဘာလ ၁၂ ရက်က ကျင်းပပြီးစီးခဲ့သည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့က NCA- ရေးထိုးထားသော တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီး အစည်းအဝေးက ဆုံးဖြတ်လိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်သည့် ညီလာခံ တရပ် အမြန်ဆုံး ကျင်းပရေး ဆုံးဖြတ်ပြီးနောက် ယခုကဲ့သို့ လိုင်ဇာမြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO/KIA) သည် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်ပြီး NCA လမ်းကြောင်း မဟုတ်သည့် နည်းလမ်းဖြင့် ငြိမ်းချမ်းရေးကို အရယူမည်ဟု ကြေညာ ထားသည်။

Most read this week

ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...