မာန်အောင်မြို့နယ် ရဲကျွန်းရွံ့မီးတောင်ပေါက်ကွဲ

မာန်အောင်မြို့နယ် ရဲကျွန်းရွံ့မီးတောင်ပေါက်ကွဲ
by -
အောင်လင်းထွန်း(မာန်အောင်)
ဓာတ်ပုံ- မီးတောင်မှ မှုတ်ထုတ်နေသည့် ရွံ့ရည်များ မြင့်တက်နေသည်ကို တွေ့ရစဉ်
ဓာတ်ပုံ- မီးတောင်မှ မှုတ်ထုတ်နေသည့် ရွံ့ရည်များ မြင့်တက်နေသည်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ရဲကျွန်းကျေးရွာအုပ်စုတွင် ယမန်နေ့ (စက်တင်ဘာလ ၁၆ရက်နေ့) နံနက်က ရွံ့မီးတောင် တစ်လုံး ပေါက်ကွဲခဲ့သည်ဟု သတင်းရရှိသည်။

" [.] နံနက် ၇ နာရီ ၁၅ မိနစ် ခန့်မှာ စတင် ပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲတဲ့ မီးတောင်က တောင်ရွာနဲ့ မြောက်ရွာ အကြားမှာရှိတဲ့ မီးတောင်အကြီးက ပေါက်တာပါ” ဟု ရဲကျွန်းမှ ရွာလူကြီး တစ်ဦးဖြစ်သူ ဦးငနီက နိရဥ္စရာသို့ ပြောကြားသည်။

မီးတောင်သည် ၇ နာရီ ၁၅ မိနစ်တွင် တစ်ကြိ်မ်၊ နံနက် ၈နာ ရီ ၄၀ မိနစ်တွင် တစ်ကြိမ်၊ နှစ်ကြိမ် ပေါက်ကွဲခဲ့ကြောင်း၊ ပျက်စီးမှုမှာ လယ်ဧက တစ်ဧကခွဲလောက် ပျက်စီးသွားခဲ့ကြောင်း ဦးငနီက ပြောကြားသည်။

မီးတောင်သည် ပေါက်ကွဲစဉ် တွင်းနုတ်ခမ်းဝမှ ရွံ့ရည်များကို ၁၀ ပေမှ ၁၅ ပေ အမြင့်ထိ မှုတ်ထုတ်ခဲ့ကြောင်း၊ မီးတောင် ပေါက်ကွဲစဉ် အသံများလည်း တစ်ရှုးရှုး တစ်ရှဲရှဲထွက်ခဲ့သည်ကို ပတ်ဝန်းကျင်က ကြားခဲ့ ရကြောင်း၊ အနီးအနားကျေးရွာသားများက စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့သော် လူတစ်ဦး တစ်ယောက်မှ ထိခိုက်မှု မရှိကြောင်း ၎င်းက ပြောကြားသည်။

မီးတောင်ပေါက်ကွဲခဲ့သည့် ရဲကျွန်းကျေးရွာအုပ်စုသည် မာန်အောင်မြို့နယ်တွင် ပါဝင်သော်လည်း မာန်အောင်ကျွန်း၏ အရှေ့တောင်ဘက်တွင် သီးသန့်တည်ရှိသော ကျွန်းတစ်ကျွန်းဖြစ်ကြောင်း သိရသည်။

၎င်းမီတောင်သည် နံနက် ၈နာရီ ၄၀ မိနစ်တွင် ငြိမ်သက်သွားခဲ့သည်ဟု သိရသည်။

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...