ငြိမ်းချမ်းရေး လမ်းစဉ်မှာ စနစ်တကျ လိုက်ပါနိုင်ရန် မကဒတ ပြင်ဆင်မည်

ငြိမ်းချမ်းရေး လမ်းစဉ်မှာ စနစ်တကျ လိုက်ပါနိုင်ရန် မကဒတ ပြင်ဆင်မည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ကျောင်းသားတပ်မတာ် အဖွဲ့၏ အနာဂတ် ရေရှည်ရပ်တည်သွားနိုင်ရန် နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် အတွက် ယမန်နေ့ (စက်တင်ဘာ ၁၆ ရက်နေ့)တွင် စတင်ကျင်းပသည့် ဧကါဒဿမအကြိမ် ညီလာခံ မှ ဆွေးနွေးချမှတ်သွားမည်ဟု သိရသည်။

ထိုင်း- မြန်မာနယ်စပ်ရှိ မကဒတ ဌာနချူပ်ဖြစ်သော ဒေါင်းတမာန်စခန်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ ၁၁ ကြိမ်မြောက် ညီလာခံတစ်ရပ် ကျင်းပလျှက်ရှိပြီး ညီလာခံ၏ မျှော်မှန်း ထားချက်များနှင့် ပတ်သက်၍ NCA အပစ်ရပ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း မှ ယခုလို ပြောသည်။

“မျှော်မှန်းချက်တော့ ဒီ လက်တွေ့အခြေအနေအပေါ်မှာ မူတည်ပြီးတော့မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ စနစ်တကျ လိုက်ပါဆောင်ရွက်နိုင်ဖို့အတွက် စနစ်တကျ အကောင်အထည်ဖော်နိုင်ဖို့အတွက် အဓိက ဦးတည်ပြီးတော့မှ ပြင်ဆင်ဆောင်ရွက်သွားဖို့ပဲ ရှိတာပေါ့နော်။”

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အစိုးရနှင့် မကဒတ အဖွဲ့အစည်းအကြား နှစ်ဖက်အဆင်ပြေချောမွေ့စေရန် ABSDF အဖွဲ့အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများရှာဖွေသွားရန်ရှိသလို ပြည်တွင်းအင်အားစုများကြားတွင်လည်း ပါဝင်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ နှင့် အနာဂတ် ABSDF အဖွဲ့အစည်း ရေရှည်ရပ်တည်နိုင်ရန် ကိစ္စများကိုလည်း ဆွေးနွေးသွားကြမည်ဟု သိရသည်။

“ABSDF အနာဂတ် အတွက်ပေါ့၊ ABSDF အနာဂတ် အတွက်ဆိုတာ ABSDF က ဘယ်လိုအခြေအနေ ရောက်ရင် ဘယ်လို ဆက်မောင်းနင်မလဲပေါ့၊ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဒီနေ့ ABSDF အတွင်းမှာ ဆွေးနွေးဖို့လိုပြီးလို့တော့ထင်တယ်၊ ဒီအပေါ်မှာတော့ ကိုယ်တို့အဖွဲ့အတွင်းထဲ မှာတော့ ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မလဲ ဆိုတာ ဆွေးနွေးရမယ်လို့ ထင်ပါတယ်။ “ဟု ABSDF ဗဟိုဦဆောင်ကော်မတီ ဝင်တစ်ဦးဖြစ်သည့် ဆလိုင်းယောအောင် မှ ပြောသည်။

တဆက်တည်းမှာပင် မကဒတ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်များ၏ ရေရှည် ရပ်တည်နေထိုင် နိုင်ရေးအတွက်သည်လည်း အရေးကြီးလာပြီဖြစ်သည့်အတွက် မဖြစ်မနေ ဆွေးနွေးအဖြေရှာသွားရန် ရှိသည်ဟုလည်း ဆလိုင်းယောအောင် မှ ဆက်ပြောသည်။

“နောက်တစ်ခုက ကိုယ့် ရဲဘော်တွေရဲ့ ရပ်တည်ရေး ကိစ္စတွေပေါ့ဗျား၊ ရပ်တည်ရေး ကိစ္စဆိုတာ ကျနော်တို့ အခြေအနေက သူများနဲ့ အခြေအနေ မတူဘူး၊ မတူဘူးဆိုတာ ကျနော်တို့က ပထဝီ ပေါ့ဗျား ကျနော်တို့ ကိုယ်ပိုင်နယ်မြေ ကျနော်တို့ ရှိတဲ့ အဖွဲ့အစည်းမဟုတ်ဘူး၊ နောက်တခုက ကျနော်တို့က လူမျိုးတစ်မျိုးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း တခု မဟုတ်တဲ့ အခါကြတော့ ကျနော်တို့ ရပ်တည်ရေး အတွက်ကို ရေရှည်မှာ တဖြည်းဖြည်း တဖြည်းဖြည်း ကျနော်တို့အတွက် အခက်အခဲတွေပိုရှိလာတယ်လေ၊ ဒီကိစ္စလည်း ဘယ်လို အဖြေရှာကြမလဲ၊”

ဒေါင်းတမာန်စခန်းတွင် ၅ ရက်တာ ကျင်းပသွားရန် စီစဉ်ထားသည့် ၁၁ ကြိမ်မြောက် မကဒတ ၏ ညီလာခံတွင် နိုင်ငံရေး အစီရင်ခံစာများ၊ ဗဟိုကော်မတီ၏ လုပ်ငန်းအစီရင်ခံစာ၊ တပ်ရင်း တပ်ဖွဲ့များ ၏ အစီရင်ခံစာများ တင်ပြသုံးသပ်သွားရန်ရှိပြီး လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအားလည်း သုံးသပ်၍ မကဒတ ၏ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ် စုဖွဲ့မှုများအားလည်း ပြင်ဆင်ဖွဲ့စည်းသွားမည် ဟု သိရသည်။

ညီလာခံ နောက်ဆုံးရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မကဒတ အဖွဲ့ကို ဦးဆောင်မည့် ခေါင်ဆောင်များအား ပြန်လည်ရွေးချယ်တင်မြှောက်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ကျောင်းသားတပ်မတော် အဖွဲ့သည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ လူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်အာဏာရှင် စနစ်အား အမြစ်ပြတ်ချေမှုန်းရန်အတွက် နယ်စပ်ဒေသ အသီးသီးကို ရောက်ရှိလာကြသော ရဟန်း ပြည်သူ ကျောင်းသားလူငယ်များဖြင့် ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်း တည် ထောင်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ညီလာခံကို ၄ နှစ်တစ်ကြိမ် ကျင်းပလာခဲ့ခြင်းဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...