ဂျပန်တွင် ကချင် မနောပွဲ ကျင်းပ

ဂျပန်တွင် ကချင် မနောပွဲ ကျင်းပ

ကချင်စစ်ဘေးရှောင်များအကြောင်း နိုင်ငံတကာက သိရှိစေရန်ရည်ရွယ်ပြီး ဂျပန် နိုင်ငံ၊ နာဂိုယာမြို့အနီးတွင် ကချင်-ဂျပန် ရင်တွင်းဆက် မနောပွဲကို သြဂုတ်လ ၂၅ ရက်နေ့မှ ၂၆ ရက် နေ့အထိ ကျင်းပခဲ့သည်ဟု ပွဲကျင်းပသူများက ပြောသည်။

“ဒီကရတဲ့ အလှူငွေတွေကို ကချင်ဒုက္ခသည်စခန်းတွေကို ပို့မှာ။ ဂျပန်မှာ ပထမဆုံးအကြိမ် ကျင်းတာမဟုတ်ပေမယ့် ဒီမီကင်မှာတော့ ပထမဆုုံးအကြိမ်ကျင်းပတာပေါ့” ဟု မနောပွဲ တက်ရောက်သူတစ်ဦးက ပြောသည်။

ကချင်-ဂျပန် ရင်တွင်းဆက် မနောပွဲတော်ကို ကချင်စစ်ဘေးရှောင် ပြည်သူများအား ဖေးမကူညီရေး ကော်မတီ (NPO PEACE Mie Ken) နှင့် ဒေသခံ ဂျပန်လူမျိုးများ ပူးပေါင်းပြီး နှစ်ရက်တိုင်တိုင် ကျင်းပခဲ့သည်ဟု အဆိုပါမနောပွဲတွင် သွားရောက်ပါဝင်သူများက ပြောသည်။

အဆိုပါမနောပွဲတော်ကို မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသည့် ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဌ Mr.Nakagawa Masaharu နှင့် MIE စီရင်စု အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့သည်။

နှစ်ရက်တာ ကျင်းပသည့် အဆိုပါ ကချင်-ဂျပန် ရင်တွင်းဆက် မနောပွဲတော်ကို ဂျပန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများ၊ နိုင်ငံတကာရောက် ကချင်တိုင်းရင်းသားနှင့် မြန်မာနိုင်ငံမှ ကချင်တိုင်းရင်းသားများ တက်ရောက်လျက်ရှိသည်။

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့အနီးရှိ MIE စီရင်စုဒေသရှိ MATSUSAKA မြို့တွင် ကျင်းပပြုလုပ်သည့် မနောပွဲတော်သိုု့ လူဦးရေ စုစုပေါင်း (၃၀၀) ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

 

Most read this week

ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...