၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း အဖွဲ့ဝင် မမီးမီး (၄၇ နှစ်) ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းမှတ်တမ်းတင် သဝဏ်လွှာ

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း အဖွဲ့ဝင် မမီးမီး (၄၇ နှစ်) ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းမှတ်တမ်းတင် သဝဏ်လွှာ

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း အဖွဲ့ဝင်
 မမီးမီး (၄၇ နှစ်) ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းမှတ်တမ်းတင် သဝဏ်လွှာ

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ မမီးမီး (မသင်းသင်းအေး) အသက် (၄၇)နှစ်သည် သြဂုတ် ၁၃ ရက် ညနေ ၅ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့အနီး၌ ယာဉ် တိမ်းမှောက်မှု ဖြစ်ပွား၍ ဆေးရုံသို့ ပို့ဆောင်စဉ် ကွယ်လွန်ခဲ့ကြောင်း ကြားသိရသဖြင့် မိသားစုဝင်များနှင့် ထပ်တူ လွန်စွာ ဝမ်းနည်းကြေကွဲရပါသည်။

အရေးတော်ပုံကျောင်းသား ခေါင်းဆောင်ဟောင်း၊ ၈၈ ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း မသင်းသင်းအေး (ခ) မမီးမီးသည် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတွင် ရှေ့တန်းမှ အထူး တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့် ရဲဘော် ရဲဘက်တစ်ဦးဖြစ်သောကြောင့် ယခုကဲ့သို့ အချိန်မတိုင်မီ အသက်ဆုံးရှုံးရ သည့်အတွက် အထူးဝမ်းနည်းကြေကွဲရပါသည်။

မမီးမီးသည် ရှစ်လေးလုံးအ ရေးတော်ပုံမှ အစပြု၍ ယခုအချိန်အထိ ဒီမိုကရေစီ နိုင်ငံရေးလှုပ်ရှားမှုများတွင် အမြဲ ရှေ့ဆုံးမှ ကိုယ်ကျိုးမငဲ့ဘဲ တာဝန်ကျေပွန်စွာ နိုင်ငံအကျိုး သည်ပိုးခဲ့သူဖြစ်ပါသည်။ မမီးမီး ယခုကဲ့သို့ အချိန်မတိုင်မီ ကွယ်လွန်ခဲ့ရသဖြင့် မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုအတွက် အစားထိုး၍ မရနိုင်သည့် ဆုံးရှုံးမှုတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုတိုက်ပွဲတွင် အမျိုးသမီးခေါင်းဆောင်တစ်ဦးအဖြစ် ရှေ့တန်းမှ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့သူတစ်ဦး ဖြစ်သည့် မမီးမီး၏ စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်မှုများအတွက် နိုင်ငံတကာ မြန်မာ့သတင်း အဖွဲ့(BNI) အနေဖြင့် လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုသောအားဖြင့် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။



Burma News International (BNI)

 

Most read this week