ရခိုင်အမျိုးသားအင်အားစု(ဂျပန်)အား ပါတီအဖြစ် အမည်ပြောင်းလဲ

ရခိုင်အမျိုးသားအင်အားစု(ဂျပန်)အား ပါတီအဖြစ် အမည်ပြောင်းလဲ

ဂျပန်နိုင်ငံရောက် ရခိုင်အမျိုးသားများဖြင့် ဖွဲ့စည်းထားသော ရခိုင်အမျိုးသားအင်အားစု(ဂျပန်)/ Arakan National Force ( Japan) အား ရခိုင်အမျိုးသား ဒီမိုကရက်တစ်ပါတီ/ Arakan National Democratic Party (Japan) အဖြစ် အမည်ပြောင်းလိုက်ကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ အဖွဲ့အစည်းအမည် ပြောင်းလဲလိုက်ရခြင်းမှာ ဂျပန်ရောက် ရခိုင် အမျိုးသားများ အားလုံး၏ စုစည်းညီညွတ်မူနှင့် ကျစ်လစ်ခိုင်မာမူ ရရှိရန်၊ ရခိုင် အမျိုးသားအကျိုးစီးပွားကို ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်၍ ဖြစ်ကြောင်း သိရသည်။

“ ဒီလို အမည်ပြောင်းလဲလိုက်တဲ့ အတွက် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုနဲ့ အမျိုးသား အကျိုးစီးပွားကို ပိုမို လုပ်နိုင်မယ်လို့ ယုံကြည်တဲ့ အတွက် ဖြစ်ပါတယ်” ဟု ဦးဆောင်ထဲသူများထဲမှ တစ်ဦးဖြစ်သူ ကိုဘုန်းမြင့်က ပြောသည်။

အဖွဲ့အစည်းအား ပါတီအဖြစ် အမည်ပြောင်းလဲခြင်းကို သြဂုတ် ၁၂ တနင်္ဂနွေနေ့ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီထိ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် မျက်နာစုံညီအစည်းအဝေးတွင် ဂျပန်ရောက် ရခိုင်အမျိုးသားညီညွတ်ရေးကို လိုလားသူအများစု၏ တောင်းဆိုချက်အရ ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်းသူက ပြောဆိုသည်။

နိုင်ငံရေးအဖွဲ့အစည်းအဖြစ် အမည်သစ်နှင့် ဖွဲ့စည်းလိုက်ပြီးနောက် ယခင်ဂျပန်ရောက် နိုင်ငံရေး ဝါရင့် လူကြီးများ ပြန်လည် ဝင်ရောက်လာခဲ့သည်ဟု သူက ပြောသည်။

အစည်းအဝေးတွင် နိုင်ငံရေး အရ တက်ကြွသည့် လူငယ်များက အဖွဲ့အစည်း တိုးတက်ရေးနှင့် ရခိုင်ရေးရာ ကိစ္စရပ်များကို အလေးထား ဆွေးနွေးခဲ့့ကြပြီး ဆုံးဖြတ်ချက် တစ်ချို့ကိုလည်း ချမှတ်နိုင်ခဲ့သည်ဟု ကိုဘုန်းမြတ်က ပြောဆိုသည်။

ဆုံးဖြတ်ချက်ထဲတွင် ပါတီ၏ မူဝါဒရေးရာ အသစ်များချမှတ်ရန်၊ မဟာမိတ်ဆက်ဆံရေး ကဏ္ဍကို တိုးမြှင့်ရန် ၊ ဂျပန်ရောက် ရခိုင်ပြည်သူတို့၏ အခက်အခဲပြသနာများကို ထိထိမိမိ ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်ကူညီနိုင်ရေး အတွက် ဆောင်ရွက်ရန်၊ လူငယ်ရေးရာ အခန်းကဏ္ဍကို အကောင်အထည်ဖေါ်ဆောင်ရွက်ရန်တို့ ဖြစ်ကြသည်။

ပါတီ၏ လုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ခံ ခေါင်းဆောင်(၅)ဦးကိုလည်း ရွေးချယ် တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...