ကျောက်ဖြူမြို့ ကလာဘာတောင်ကျေးရွာ တာဘောင် ကျိုးပေါက်၊ လူပေါင်း ၂၀၀ ခန့်အား ဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းရ

ကျောက်ဖြူမြို့ ကလာဘာတောင်ကျေးရွာ တာဘောင် ကျိုးပေါက်၊ လူပေါင်း ၂၀၀ ခန့်အား ဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းရ
by -
အောင်လင်းထွန်း(မာန်အောင်)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ တောင်ရင်းအုပ်စု၊ ကလာဘာတောင်ကျေးရွာတွင် ယနေ့ သြဂုတ် ၁၃ ရက် နံနက် ၁၁ နာရီ အချိန်ခန့်က တာဘောင်ဆည် ကျိုးပေါက်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူးမှ တာဘောင်မှာ ဒီရေနှင့်အတူ ကျိုးပေါက်သွားသည်မှာ ဟုတ်မှန်ကြောင်း၊ လူပေါင်း ၂၀၀ ကျော်ကို ဘုန်းတော်ကြီးကျောင်းသို့ အရေးပေါ် ပြောင်းရွှေ့ထားရကြောင်း ပြောကြားသည်။

" အခု လောလောဆယ်တော့ ရေပြန်ကျသွားပြီ။ ဒါပေမယ့် ညနေ ဒီရေနဲ့ အတူ ရေပြန်တက်နိုင်တဲ့ အတွက် လူတွေကို ဘုန်းကြီးကျောင်းမှာဘဲ ဆက်နေခိုင်းတယ်။ ညနေ ထမင်းထုပ်တွေ ပို့ဖို့လည်း စီစဉ်ထားပါတယ်" ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

၎င်းတာဘောင်ဆည်မှာ မြေသားဖြင့်ပြုလုပ်ထားခြင်း ဖြစ်ကြောင်း၊ တာဘောင် ဆည်အနီး ကာလာဘာတောင် ကျေးရွာတွင် အိမ်ခြေ ၁ဝဝခန့်ရှိကြောင်း၊ ကျေးရွာသားများက တာဘောင်ကျိုး၍ စိုးရိမ်နေကြကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူမြို့နယ် နယ်မြေရဲစခန်း တာဝန်ရှိသူ တစ်ဦးက " ဒီ ၀ါဆို လကွယ်ရက် အလွန်ဆိုတော့ ဒီရေတက်တာများနေတာကြောင့် ဆည်တာ ကျိုးသွားတယ်။ တာကျိုးသွားတဲ့ နေရာက အကျယ်ကတော့ ပေ ၄ဝခန့် ရှိတယ်။ " ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

အိမ်ခြေပျက်စီးဆုံးရုံးမူနှင့် ထိခိုက်မူ ရှိ မရှိ အခြေအနေအား စုံစမ်း စစ်ဆေးနေသဖြင့် မပြောနိုင်သေးကြောင်း သူက ပြောကြားသည်။

ခရိုင်၊ မြို့နယ် အဆင့်တာ ဝန်ရှိသူများမှ ကျေးရွာနေ ပြည်သူများအား ကယ်ဆယ်ရေးအတွက်ဝိုင်းဝန်း ကူညီ ဆောင်ရွက်နေကြောင်းသိရှိရသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...