ကျောက်တော်မြို့နယ်တွင် စက်လှေချင်းတိုက်မိရာမှ ကျေးလက်ဆရာမတစ်ဦး ရေနစ်သေဆုံး

ကျောက်တော်မြို့နယ်တွင် စက်လှေချင်းတိုက်မိရာမှ ကျေးလက်ဆရာမတစ်ဦး ရေနစ်သေဆုံး
by -
စံမောင်သန်း

ရခိုင်ပြည်နယ် ကျောက်တောမြို့နယ် နဂရာအုပ်စု မြင်းကြပ်ကျေးရွာတွင် စပါးတောင်းဖြင့် အငှားပြ နေသည့် ဆရာမတစ်ဦးသည် သြဂုတ်လ ၄ ရက်နေ့ ည ၉ နာရီခန့်က အဆိုပါ မြင်းကြပ် ကျေးရွာအနီး ပီချောင်းမြစ်ထဲတွင် စက်လှေချင်းတိုက်မိပြီး ရေနစ်သေဆုံးသွားသည်ဟု သတင်းရရှိသည်။

ရေနစ်သေဆုံးသူမှာ ကျောက်တော်မြို့နယ် နဂရာအုပ်စု မြင်းကြပ်ကျေးရွာနေ မသန်းသန်းစိုး (၂၅) နှစ် (ဘ) ဦးကျော်သန်းဖြစ်ကြောင်း သိရသည်။

“သူတို့က စက်လှေနဲ့ လာတဲ့အချိန်မှာ နောက်က စက်လှေတစ်စီးက လာပြီးကြိတ်သွားပြီးတော့ အဲ့ဒီဆရာမ လေးက ရေထဲကျသွားတာပေါ့။ သူ့ယောက်ကျားက ရေကူးတတ်တော့ ကမ်းပေါ် ရောက်သွား တာပေါ့။ သူမရဲ့ အလောင်းကို ဒီနေ့မှာ ပြန်တွေ့ပါတယ်”ဟု ကျောက်တော်မြို့မ စခန်းမှူးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သေဆုံးသွားသူ ဆရာမနှင့် သူမယောက်ကျားတို့ စီးနှင်းလာသော စက်လှေကို အုံးပတိ ရွာမှ အန်ဖော်ရီယာ ဆော်ဒိန် အသက် ၃၀ ၊ (ဘ) ဦးမူဟော်ရော်ဘင်၏ စက်လှေက တိုက်မိခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူ စက်လှေ ပိုင်ရှင် အန်ဖော်ရီယာ ဆော်ဒိန်ကို မော်တော် မဆင်မခြင် မောင်းနှင်မှု၊ လူသေမှု၊ မော်တော်ပျက်စီးမှု စသည့် ရာဇသတ်ကြီး ဥဒေပုဒ်မ ၂၈၀၊ ၃၀၄ -က/ ၄၂၇ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရှိရသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...