တရားစွဲခံ ကြေးရုပ်ကန့်ကွက်လူငယ်အချို့ နောက်ရုံးချိန်းမလာရောက်ပါက ဖမ်းဝရမ်းထုတ်မည်

တရားစွဲခံ ကြေးရုပ်ကန့်ကွက်လူငယ်အချို့ နောက်ရုံးချိန်းမလာရောက်ပါက ဖမ်းဝရမ်းထုတ်မည်
by -
ခူးစိုးရယ်​ဦး
 လူငယ်များကို တရားစွဲဆိုထားသည့် ဒီးမော့ဆိုမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေသည်။ (ဓါတ်ပုံ-ကရင်နီပြည်လူငယ်များသမဂ္ဂ)
လူငယ်များကို တရားစွဲဆိုထားသည့် ဒီးမော့ဆိုမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေသည်။ (ဓါတ်ပုံ-ကရင်နီပြည်လူငယ်များသမဂ္ဂ)

ကရင်နီသမိုင်းနှင့် ဗိုလ်ချုပ်ကြေးရုုပ်ကန့်ကွက်ကြောင်းစာဖြန့်ဝေမှုကြောင့် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံထားရသော ဒီးမော့မြို့နယ်ထဲက လူငယ် ၇ ဦးအနက် ၄  ဦးသည် လာမည့်သြဂုတ်လ ၁၆ ရက်နေ့တွင် တရားရုံးချိန်းမလာရောက်ပါက ဖမ်းဝရမ်းထုတ်မည်ဖြစ်ကြောင်း သိရသည်။

သူတို့ထပ်စွဲတဲ့ ဆားအီတို့၊ ဂျွန်သန်းတို့ စိုးနိုင်တို့ခါကျတော့ နောက်တစ်ရုံးချိန်းကျရင် ဖမ်းဝရမ်းထုတ်မယ်လို့ သူပြောတယ်။ အခုက လူမစုံသေးလို့ အမှုမစစ်နိုင်သေးဘူးပေါ့နော˝ဟု ကရင်နီပြည်တောင်သူသမဂ္ဂအဖွဲ့ဝင် စောလားဘွယ်ထူးက ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံထားသော ကရင်နီလူငယ်များ သတ်မှတ်ထားတဲ့ ရုံးချိန်းကာလတွင် တရားမရင်ဆိုင်ပါက ဖမ်းဝရမ်းအဖြစ်သတ်မှတ်မည်ဟု တရားလိုရှေ့နေက ပြောကြားခဲ့ကြောင်း တရားခွင်တွင် ကြားသိခဲ့ရသည်ကို ပြန်ပြောပြသည်။

“တရားရင်ဆိုင်နေတဲ့ လူငယ် ၄ ဦးက သက်သက်မဲ့မဲ့ အချုပ်ထဲမှာ အချိန်ကုန်နေရတဲ့ ပုံစံမျိုးဖြစ်နေတယ်” ဟု (KNGY)ကယန်းအမျိုးသားလူငယ်အဖွဲ့ နိုင်ငံရေးနှင့် လူ့အခွင့်အရေးကော်မတီတာဝန်ခံ ခွန်းထက်စိုးက ပြောသည်။ တရားစွဲဆိုခံထားရသည့် လူငယ်လေးဦး၏ အမည်နာမများ၊ မိဘအမည်၊ နေရပ်များ မမှန်ကန်သည့်အတွက် မည်သူက မည်သည့်နေရာတွင် လာရောက်ရမည်မသိကြောင်း ပြောသည်။

” ကန့်ကွက်သူတွေထဲမှာ တချို့လူတွေမပါဘဲနဲ့ တရားစွဲခံထားရတဲ့အဖြစ်မျိုးက လူငယ်တွေအတွက် မတရားဘူး” ဟု ခွန်းထက်စိုးက ဆိုသည်။ 

အဆိုပါ ဗိုလ်ချုပ်ရုပ်ထုတည်ဆောက်ရန် ကန့်ကွက်သော ကရင်နီလူငယ်များသည် ယမန်နေ့ သြဂုတ် ၆ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးရန် စီစဉ်ခဲ့သော်လည်း ယင်းတရားစွဲဆိုခံထားရသော ၇ ဦးထဲမှ လူငယ် ၄ ဦးက တရားလာမရင်ဆိုင်သဖြင့် စစ်ဆေးရန် ထပ်မံကာ ၁၆ ရက်နေ့သို့ ရွေ့ဆိုင်းခဲ့သည်။

ကျောင်းသားဟောင်း ဦးအောင်သန်းမြင့်က ” တကယ်လို့ လူစုံအောင်စောင့်မယ်ဆိုလို့ အကုန်လုံးကိုဖမ်းချင်တယ်၊ အကုန်လုံးကို အမှုစစ်ချင်တယ်၊ အကုန်လုံးကို ထောင်ချချင်တယ်၊ ငါတို့ဘက်က အလျော့မပေးဘူး ၊ အဲ့ဒီလိုလာပြီး လုပ်လို့ရှိရင် ငါတို့ ဒီလိုဘဲ ပြန်တုန့်ပြန်မှာဘဲလို့ သူတို့ သဘောထားကို ဖော်ပြတဲ့ သဘောပဲပေါ့”ဟု ၎င်းက ပြောကြားသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဒီးမော့ဆိုမြို့နယ် တရားရုံးတွင် ၃ ကြိမ်နှင့် လွိုင်ကော်မြို့တွင် ၅ ကြိမ် စစ်ဆေးခဲ့ပြီးဖြစ်သည်။

ထိုသို့ တရားရုံးတွင် တရားစွဲခံထားရသော ကရင်နီလူငယ်များကို ရန်ကုန်တိုင်းဒေသမှ လူ့ဘောင်သစ်ပါတီ လူငယ်များ၊ ကယားပြည်နယ်တောင်သူသမ္မဂ္ဂအဖွဲ့များ၊ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့များ၊ အရပ်ဖက်အဖွဲ့များ၊ UKSY ကျောင်းသားသမဂ္ဂအဖွဲ့စသည့်အဖွဲ့များ လာရောက်အားပေးဝန်းရံခဲ့သည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...