ဖမ်းဆီးခံ ရွာသားလေးဦး လွတ်မြောက်ခြင်း မရှိသေး

ဖမ်းဆီးခံ ရွာသားလေးဦး လွတ်မြောက်ခြင်း မရှိသေး

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပန်ကွတ်ရွာသား ၄ ဦးမှာ ယနေ့(သြဂုတ် ၂ ရက်နေ့)အထိ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ဆော့ကျေးရွာအုပ်စု ပန်ကွတ်ရွာသား ၅ ဦး သည် မန်စံစျေးသို့ စျေးသွားဝယ်ပြီး ပြန်အလာတွင် RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ရွာခံတွေပဲ အကုန်လုံးကလေ။ ကောင်မလေးတစ်ယောက်ရယ် အမျိုးသားလေးယောက်ရယ် သူတို့တွေက ဒီမန်စံစျေးသွားပြီးမှ တစ်ပတ်ကို တစ်ခါပဲစျေးက ရှိတဲ့အတွက်ကြောင့်မို့လို့ တစ်ပတ်တစ်ခါ စျေးသွားတယ်။ အပြန်လမ်းမှာပဲ သူတို့အဖမ်းခံရတယ်။ အဖမ်းခံရတဲ့ အချိန်မှာလည်း အကြောင်းပြချက်ပေးတာတော့ မရှိဘူးပေါ့နော်။ RCSS ဖက်က ဒီအတိုင်းပဲ ခေါ်သွားတာရှိတယ်။ ခုချိန်ထိတော့ မလွှတ်လာသေးဘူး။ သူတို့က ဆိုင်ကယ် ၃ စီးနဲ့သွားတယ် သွားတဲ့အခါကျတော့ ကောင်မလေးက ရှေ့ကနေဆိုတော့ သူကလွှတ်မြောက်သွားတာပေါ့နော်။”

ယခင်ကလည်း RCSS/SSA မှ ဒေသခံရွာသားများကို ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်မှုများလည်း ရှိသည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

“အရင်တစ်ခေါက်အဖမ်းခံရတာ ၅ ယောက်ဆိုတော့ အဲဒီ ၅ ယောက်ကိုလည်း ပြန်လွှတ်စေချင်တဲ့အတွက် တိုင်တာတောတာတွေ ရှိတာကြောင့် သူတို့ဖက်က မကျေနပ်လို့ ပြန်ဖမ်းတာလား မသိဘူး။”

ပြီးခဲ့သည် ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ပန်ကွတ်ရွာသား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး PSLF/TNLA အကြောင်းကို စစ်ဆေးမြန်းကာ ပြန်လွှတ်ပေးခဲ့သည် ဟု ဒေသခံများ ကပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အကြောင်းစုံ သိရှိနိုင်ရန် သတင်းနှင့် မီဒီယာကွန်ရက်မှ RCSS/SSA တာဝန်ရှိသူများထံ ဆက်သွယ်သော်လည်း မရပေ။

ဒေသခံများအနေဖြင့် ယခုကဲ့သို့ ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်နေသည့်အတွက် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေသည့်အပြင် မည်သူ့ကို အကူအညီတောင်းရမည်ကို မသိရှိကြောင်း ဒေသခံများက ပြောသည်။

“ရွာလူကြီးတွေက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို သူတို့က အကြောင်းကြားတယ်။ အကြောင်းကြားပြီးမှ သူတို့ဆီကို ဖုန်းဆက်ပြီးတော့ ရွာသားတွေကို ပြန်လွှတ်ပေးဖို့ လုပ်ကြတယ်။ အဲလိုမျိုးတောင်းပန်ပေမယ့်လည်း မလွှတ်လာဘူးပေါ့နော်။”

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသများတွင် လက်နက်ကိုင်အဖွဲ့အစည်းများအကြား စစ်ရေးတင်းမာမှုများ မကြာ ခဏ ဖြစ်ပေါ်လျက်ရှိသည်။ ထို့အပြင် လက်နက်ကိုင် အဖွဲ့အစည်းများက ယခုကဲ့သို့ ဒေသခံများအား ဖမ်းဆီး ခေါ် ဆောင်မှုများကြောင့် ဒေသခံများမှ

 

February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...