ပေါက်တောမြို့နယ်တွင် လေဆင်နှာမောင်းတိုက်၍ စာသင်ကျောင်းနှင့် အိမ်ပျက်စီး၊ ကျောင်းသား ၃ ဦး ဒဏ်ရာရ

ပေါက်တောမြို့နယ်တွင် လေဆင်နှာမောင်းတိုက်၍ စာသင်ကျောင်းနှင့် အိမ်ပျက်စီး၊ ကျောင်းသား ၃ ဦး ဒဏ်ရာရ
by -
စံမောင်သန်း

ယမန်နေ့ (သြဂုတ် ၁ ရက်နေ့) နံနက် ၁၀ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်၍ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အင်္ဂရားချိုင်ကျွန်း တန်းမျှချောင်းကျောင်းရွာ မူလွန်ကျောင်းတွင် ကျောင်းဆောင်တစ်ခု ခေါင်မိုး ပွင့်ပါသွားပြီး ကျောင်းသား ၃ ဦး အနည်းငယ် ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

“ကျောင်းဆောင်ရဲ့ အနောက်ဘက်နဲ့ မြောက်ဘက်က ခေါင်မိုးတွေ အားလုံးပါသွားပါတယ်။ နောက်ပြီးတော့ ကျောင်းသား ၃ ဦးလည်း အနည်းငယ် ဒဏ်ရာရရှိသွားပါတယ်”ဟု တန်းမျှချောင်း ကျေးရွာမှ မူလတန်းပြဆရာ ဦးဦးသန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဒဏ်ရာရရှိသူ ကျောင်းသားများမှာ ၆ တန်းကျောင်းသား မောင်စောအောင်သိန်း၊ ၄ တန်းကျောင်းသား မောင်ငြိမ်းစိုးဦး နှင့် ၇ တန်းကျောင်းသား မောင်စိုးနိုင်တို့ဖြစ်ကြောင်း သိရသည်။

လေဆင်နှာမောင်ကြောင့် စာသင်ကျောင်းအပြင် လူနေအိမ် ၃ လုံး၊ စပါးကျီ တစ်လုံး၊ ဘုန်းတော်ကြီးကျောင်းမှ ဦးပုဉ်သည် ဇရပ် တစ်ဆောင်နှင့် အိမ်သာတစ်လုံးလည်း ပျက်စီးသွားပြီး၊ သစ်ပင်များ ကျိုးကျမှုများလည်း ရှိခဲ့သည်ဟု ဆိုသည်။

စာသင်ဆောင် ခေါင်မိုး ပျက်စီးသွားမှုကြောင့် ကျောင်းတွင် ဆက်လက်စာမသင်ပြ နိုင်တော့ကြောင်း၊ သို့သော် ကျောင်းသားများကို ဆက်လက် စာသင်ပြနိုင်ရာ နေရာတစ်ခု ရှာဖွေထားပြီဖြစ်ကြောင်း ရွာသားများက ပြောသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...