၁၂ ရက်အတွင်း ရှမ်းပြည်နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် ၂၈၀၀ ကျော်ရှိကြောင်း UNOCHA ထုတ်ပြန်

၁၂ ရက်အတွင်း ရှမ်းပြည်နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် ၂၈၀၀ ကျော်ရှိကြောင်း UNOCHA ထုတ်ပြန်

၁၂ ရက်အတွင်း သျှမ်း(ရှမ်း)ပြည်နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် ၂၈၀၀ ကျော်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ UN OCHA က ပြောဆိုလိုက်ပါသည်။

ဇူလိုင်လ ၂၆ ရက်နေ့ အစီရင်ခံစာတွင် ဇူလိုင်လ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၁၂ ရက် အတောအတွင်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်၊ကျေးသီးမြို့နယ်တို့တွင် စစ်ဘေးရှောင်လူထု စုစုပေါင်း ၂၈၀၀ ကျော်ရှိကြောင်း UN OCHA က ထုတ်ပြန်ပြောဆိုလိုက်သည်။

"အစိုးရတပ်မတော်နဲ့ RCSS/SSA ကြား၊ TNLA နဲ့ RCSS/SSA တို့ကြားတိုက်ပွဲတွေကြောင့် စစ်ဘေး ရှောင်ကြတာဖြစ်တယ်။ ဒီစစ်ဘေးရှောင် တွေက အရင်ကတည်းကရှိရင်းစွဲတွေမဟုတ်ဘူး။ ဒီအတော အတွင်းမှာမှ အသစ်ရောက်လာတဲ့ စစ်ဘေးရှောင်အသစ်တွေဖြစ်တယ် "– ဟု ကြေငြာချက်တွင်ပါရှိသည်။

စစ်ဘေးရှောင်အများစုမှာ ဘုန်းတော်ကြီးကျောင်းနှင့် ခရိယာန်ဘုရားကျောင်းများတွင် ခိုလှုံခဲ့ကြသည်။ လယ်ယာမြေဆင်းချိန်ဖြစ်သဖြင့် စစ်ဘေးရှောင်များမှာ ပစ်ခတ်သံငြိမ်သွားသည်နှင့် နေရပ်သို့ အမြန်ဆုံး ပြန်သွားကြသည်။

"ဒီလထဲမှာ သျှမ်းပြည်မြောက်ပိုင်းရောတောင်ပိုင်းရော တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်။ စစ်ဘေးရှောင် လူထုအများအပြား နေရပ်ကနေစွန့်ခွါကြရတဲ့အပြင်၊ တင်းမာနေတဲ့ စစ်ရေးတွေကြောင့် တိုက်ပွဲတွေ ပိုမိုကြီးထွားလာမှာကိုစိုးရိမ်နေကြတယ်။ တိုက်ပွဲတွေရပ်တန့်ဖို့ ဒေသခံလူထုရော ရဟန်းသံဃာတွေပါ တောင်းဆို လာ ကြတာကိုတွေ့ရပါတယ် ၊ စိတ်ရင်းစေတနာမှန်နဲ့ အဘက်ဘက်လက်တွဲလုပ်ဆောင်မှသာ ဒီစစ်ပွဲ တွေရပ်တန့်နိုင်မှာ "– ဟု ကျားခေါင်းပါတီ ပြောခွင့်ရ စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြောသည်။

UNOCHA ၏အစီရင်ခံစာတွင် ၂၀၁၈ ဇန်နဝါရီလမှ ယခု ဇူလိုင်လအထိ သျှမ်းပြည်တွင်း စစ်ဘေးရှောင်ရ သည့်လူထု ၆၅၀၀ ကျော်ရှိပြီး ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်လူထု ၆၈၀၀ ရှိကြောင်း ပါရှိပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...