မြောက်ဦးမြို့တွင် မြေပြို၍ လူနေအိမ် ၃ လုံးပျက်စီး

မြောက်ဦးမြို့တွင် မြေပြို၍ လူနေအိမ် ၃ လုံးပျက်စီး
by -
နောင်ခိုင်အောင်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်ကွက်တွင် ယနေ့ဇူလိုင်လ ၂၅ ရက် မနက် ၇ နာရီခန့်အချိန်၌ မြေပြိုကျသောကြောင့် လူနေအိမ် ၃ လုံး ပျက်စီးသွားကြောင်း သိရသည်။

ပြိုပျက်သွားသည့်အိမ်များမှာ ဦးထွန်းထွန်း၊ ဒေါ်နုနုအေးနှင့် ခေါ်ခိုင်ခိုင်တို့နေအိမ်များဖြစ်ကြောင်း သိရသည်။

" အိမ်ကတော့ ၃ အိမ်ပါ အားလုံးဖျက်ရတော့မယ့်အခြေအနေတွေဖြစ်သွားပါတယ်" ဟု နေအိမ်ပျက်စီးသွားသည့် ဦးထွန်းထွန်းက ပြောသည်။

အဆိုပါနေအိမ်များမှာ မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်ကွက်တွင်ရှိသည့် ဟာရီတောင်၏ အောက်ခြေတွင် ရှိသော နေအိမ်များဖြစ်ကြောင်း သိရသည်။

" အိမ်က တောင်နဲ့ ကပ်ရပ် တည်ဆောက်ထားတဲ့အတွက်ကြောင့် မိုးများပြီး ရေတိုက်စားတဲ့အ တွက် ပြိုတဲ့သဘောပါ။ ဆုံးရှူးမှုတန်ဖိုးကိုတော့ ကျနော်တို့က သက်ဆိုင်ရာနဲ့ညှိနှိုင်းပြီးမှ တွက်ချက်ရဦးမှာပါ" ဟု မြောက်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးဌေးလွင်က ပြောသည်။

မြောက်ဦးမြို့တွင် မိုးရွာသွန်းမှုမှာ ၆ ရက်မြောက်ရှိနေပြီဖြစ်သောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများကပြောသည်။

May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...