ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး တွေ့ဆုံဆွေးနွေးပွဲ တောင်ကြီးမြို့တွင်ပထမဆုံးအကြိမ်ကျင်းပ

ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး တွေ့ဆုံဆွေးနွေးပွဲ တောင်ကြီးမြို့တွင်ပထမဆုံးအကြိမ်ကျင်းပ
by -
နန်းမောက်မိုဟျိုးခမ်း
တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပ သည့် ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ပြည်နယ်နှင့်တိုင်းဒေသ ကြီးအသင်းများ ဖွဲ့စည်းရေးတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား
တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပ သည့် ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ပြည်နယ်နှင့်တိုင်းဒေသ ကြီးအသင်းများ ဖွဲ့စည်းရေးတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား

ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ပြည်နယ်နှင့်တိုင်းဒေသ ကြီးအသင်းများ ဖွဲ့စည်းရေးတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့တော်ခန်းမ တွင်ပထမဆုံးအကြိမ် ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားကိုဇူလိုင်လ ၂၄ ရက်၂၀၁၈ တွင်ကျင်းပ ရာ အမျိုးသမီးအသင်း ၊ လွှတ်တော်ဥက္ကဌ များ NLD ကိုယ်စားလှယ်များ၊မြို့မိမြို့ဖများ၊ မိဘမဲ့ဂေဟာမှဦးဆောင်သူများ နှင့်သားဖွားအဖွဲ့များ တက်ရောက် ဆွေးနွေးခဲ့ ပါသည်။

“ရင်ခွင်မဲ့ ကလေးငယ်များ ကိန်းဂဏန်း အတိအကျတော့မရှိဘူး။ ရပ်ကွက်နဲ့ ပုဂ္ဂလိက မှာစွန့်ပစ်တဲ့ကလေးတွေ ကျတော့စာရင်းကောက်ရခက်တယ်။ ဆေးရုံမှာတော့ စွန့်ပစ်ခံရတဲ့ကလေး ကိန်းဂဏန်းတက်လာတယ်” ဟု ရင်ခွင်မဲ့ ကလေးငယ် များလျော့ချရေးနှင့် ကာကွယ်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမြသီတာ ကပြောသည်။

လက်ရှိတွင် ရင်ခွင်မဲ့ကလေးငယ်များ တနှစ်ထက်တနှစ် ပိုမိုများပြားလာနေရာ ၊ အဓိက မျိုးဆက်ပွားအသိပညာပေးလုပ်ခြင်းအားဖြင့် တဖက်တလမ်းကလျှော့ချနိုင်ကြောင်း ဒေါက်တာမြသီတာကပြောသည်။

သူငယ်တော်ရည်စူးကျောင်း မိဘမဲ့ဂေဟာမှ Sister Natalina Miza ကလည်း ” ကလေးတွေ လ သားအရွယ်ကစပြီး အများအားဖြင့်ရောက်လာတယ်။ သူတို့တွေရဲ့ ကျန်းမာရေး ရယ် အာဟာရ တွေကို ပြည့်ဝဖို့အတွက်ကျွေးမွေးစောင့်ရှောက်ပေးပါတယ်။ သူတို့ကြီးလာရင် ညာဏ်ရည်မမှီမှာစိုးလို့”ဟုသျှမ်းသံတော်ဆင့်ကိုပြောကြားသည်။

တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ်အဖြစ်ကျင်းပသောအဆိုပါအခမ်းအနားတွင် တက်ရောက် သူပေါင်း၂၀၀ ကျော် ရှိပါသည်။

အဆိုပါအခမ်းအနားမျိုးကိုယခင်က နေပြည်တော် ကယားပြည်၊ ကရင်ပြည်၊ မွန်ပြည်နယ်၊ တနင်္တာရီ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့တွင်ကျင်းပ ခဲ့ ကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...