လယ်ဧကတသိန်းခွဲ ကျော် ပျက်စီးမည့် မိုင်းဖြတ်ကျောက်မီးသွေးတူးဖေါ်ရေးဒေသခံများကန့်ကွက်

လယ်ဧကတသိန်းခွဲ ကျော် ပျက်စီးမည့် မိုင်းဖြတ်ကျောက်မီးသွေးတူးဖေါ်ရေးဒေသခံများကန့်ကွက်
ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းကန့်ကွက်ရေးအတွက် ဇူလိုင်လ ၂၃ ရက်နေ့က မိုင်းဖြတ်မြို့မှာပြုလုပ်ခဲ့တဲ့ ဒေသခံလူထု၊ ရပ်မိရပ်ဖ၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ
ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းကန့်ကွက်ရေးအတွက် ဇူလိုင်လ ၂၃ ရက်နေ့က မိုင်းဖြတ်မြို့မှာပြုလုပ်ခဲ့တဲ့ ဒေသခံလူထု၊ ရပ်မိရပ်ဖ၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ

သျှမ်း(ရှမ်း)ပြည်အရှေ့ပိုင်း မိုင်းဖြတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် ကျောက်မီးသွေးတူးဖော်မည့်ကုမ္မဏီများ အားပြန် လည်စီစစ်ပေးရန်နှင့် ဒေသခံလူထုအလိုမရှိသော အဆိုပါစီမံကိန်းအား ရပ်တန့်ပေးရန် ရေးသားထားသည့် စာတစောင်အား ပြည်ထောင်စုအစိုးရထံ ပေးပို့မည်ဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့က မိုင်းဖြတ်မြို့တွင် ဒေသခံလူထု၊ ရပ်မိရပ်ဖ၊ လွှတ်တော်ကိုယ်စားလှယ်များ မိုင်းဖြတ် မြို့နယ်တွင် တွေ့ဆုံကာ မိုင်းဖြတ်မြို့နယ်အတွင်း လယ်ယာမြေဧက ၁ သိန်း ၄ သောင်းကျော်အတွင်း ပြုလုပ်မည့် ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းသည် ဒေသခံလူထုအတွက် ဆိုးကျိုးများစွာသက်ရောက် မည်ဖြစ်သဖြင့် အလိုမရှိကြောင်း ပြည်ထောင်စုအစိုးရထံ စာရေးသားပေးပို့မည်ဖြစ်ကြောင်း ဆွေးနွေး သဘောတူခဲ့ကြသည်။

မိုင်းဖြတ်မြို့နယ် ကျားခေါင်းပါတီ SNDP မြို့နယ်ဥက္ကဌ စိုင်းခမ်းဇန် က –" အရင်က ကျနော်တို့ အကြိမ်ကြိမ် စာရေးသားပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။ ပြည်နယ်အစိုးရဆီကိုလည်း စာရေးသားပေးပို့ခဲ့ဖူးပါတယ်။ သို့ပေမယ့်ဘာမှထူးခြားလာတာမရှိတဲ့အပြင် ကုမ္မဏီတွေတောင်မှ မြေနေရာတွေကိုလာပြီး စမ်းသပ်ကြည့်ရှု နေကြပြီ။ အစိုးရဘက်ကလည်း ဒါကို ခွင့်ပြုပေးပြီးပြီလို့ကြားရပါတယ်။ဒါကြောင့် ပြည်ထောင်စုအစိုးရဆီကို တိုက်ရိုက်စာရေးသားပေးပို့မှာပါ။တကယ်လို့အစိုးရက မတားမြစ်ဘဲ ဆက် လက်ခွင့်ပြုထားမယ်ဆိုရင် ကျနော်တို့လည်းကိုယ့်နည်းကိုယ့်ဟန်နဲ့ဆက်ပြီး ဆန့်ကျင်ကန့်ကွက်သွားမယ် လို့လည်းသဘောတူ ထားကြပါတယ်။ "– ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၁ ရက်နေ့က မိုင်းဖြတ်ဒေသခံများ စုပေါင်းကာ သျှမ်းပြည်နယ်အစိုးရထံ စာရေးသားပေးပို့ခဲ့ပြီးဖြစ်သည်။

"အခုကျနော်တို့ ဒေသခံတွေရဲ့ အမည်စာရင်းတွေကိုကောက်ယူနေတုန်းပါ။ မကြာမှီမှာ ဒီဆန့်ကျင်ကန့်ကွက်တဲ့ စာနဲ့အတူ ဒေသခံလူထုရဲ့ထိုးမြဲလက်မှတ်တွေကို ပြည်ထောင်စုအစိုးရဆီကို ပေးပို့မှာဖြစ်ပါတယ်။ ဒီစီမံကိန်း ကြီးဆက်လက်အကောင်အထေည်ဖေါ်မယ်ဆိုရင် မိုင်းဖြတ်မြို့နယ်ဟာ လယ်ယာမြေတွေပျက်စီးမယ်၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ်၊ မြစ်ချောင်းအင်းအိုင်တွေပျက်စီးမယ်။ ဒါကြောင့် အနာဂတ်အတွက် စိုးရိမ်ကြတာဖြစ်ပါတယ်"- ဟု စိုင်းခမ်းဇန်က ဆက်လက်ပြောပြသည်။

မိုင်းဖြတ်မြို့နယ်တွင် ကျောက်မီးသွေးတူးဖော်မည့် ကုမ္မဏီမှာ သြစတေးလျနိုင်ငံ၏ Access Resources Asia Co.Ltd ဖြစ်ကြောင်းသိရသည်။ ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းမှ ဆိုးကျိုးသက်ရောက်မည့် အုပ်စုပေါင်း ၁၃ အုပ်စုမှဒေသခံများဖြစ်ကြောင်းသိရသည်။

မိုင်းဖြတ်နှင့်ကျိုင်းတုံကြား ဧရိယာတခုလုံးနီးပါး Assess Resource Asia ကုမ္မဏီ မှရွှေတူးဖော်မည့်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ယမန်နှစ် ၂၀၁၇ သြဂုတ်လက တကြိမ် ဒီဇင်ဘာလကတကြိမ် နှင့် ယခုနှစ် ဇန်နဝါရီလ ရ ရက်နေ့ကတကြိမ် လူထုနှင့်တွေ့ဆုံမှုပြုခဲ့သည်။ ဒေသခံလူထုက ၃ ကြိမ်စလုံး သဘောမတူ ကြောင်း ငြင်းဆိုခဲ့သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...