ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် ၃ ရက်တိုင်တိုင် အခမဲ့ဆေးကုသပေးမည်

ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် ၃ ရက်တိုင်တိုင် အခမဲ့ဆေးကုသပေးမည်
by -
မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ၃ ရက်တိုင်တိုင် အခမဲ့ဆေးကုသ ပေးမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၃ ရက်တိုင်တိုင် မည်သူ့ကိုမဆို အခမဲ့ ကုသ ပေးသွားမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်ဆရာဝန် ဒေါက်တာသန်းထွန်းကျော်က နိရဥ္စရာကိုပြောသည်။

"ဒီဒေသမှာရှိတဲ့ အထူးသဖြင့် ဥပမာ ငွေကြေးမတတ်နိုင်လို့ ရန်ကုန်တို့ ဘာတို့ကို မသွားနိုင်ဘူး။ အထူးသဖြင့် ခွဲစိတ်ဖို့လိုတယ်။ သားဖွားနဲ့ မီးယပ် ပြဿနာ တွေပေါ့။ ဒီဟာတွေကို အဓိက ခွဲစိတ်ကုသပေးချင်တဲ့ဆန္ဒနဲ့ ဆောင်ရွက်တာဖြစ်ပါတယ် "ဟု ဒေါက်တာသန်းထွန်းကျော်က ပြောသည်။

လာရောက်ပြသလိုသူမည်သူမဆို ဘူးသီးတောင်မြို့နယ်ဆေးရုံ၊ စေတီတောင်တိုက်နယ်ဆေးရုံ၊ မောင်တောမြို့နယ်ဆေးရုံနှင့် ရသေ့တောင်မြို့နယ်ဆေးရုံတို့တွင် စာရင်းပေးသွင်းနိုင်ကြောင်း နှိုးဆော်ထားသည်။

"သူတို့စာရင်းသွားပြီးတော့ ဘူးသီးတောင်မှာပဲ လာပြရမှာပါ"ဟု ဒေါက်တာသန်းထွန်းကျော်က ဆက်ပြောသည်။

ယင်းသို့ အခမဲ့ဆေးကုသရာတွင် သားဖွား၊ မီးယပ်ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ နှလုံးအထူးကုသမားတော်ကြီး၊ သမားတော်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ အရိုး၊ အကြော၊ အဆစ်အထူးကုဆရာဝန်ကြီး၊ အရေးပြားရောဂါအထူးကုဆရာဝန်ကြီး၊ နား/နှာခေါင်း/လည်ချောင်းအထူးကုဆရာဝန်ကြီး၊ ဓာတ်မှန်ဆရာဝန်ကြီး၊ မေ့ဆေးဆရာဝန်ကြီး၊ အထွေထွေရောဂါကုဆရာဝန်များ၊ ဦးနှောက်အာရုံကြောနှင့် စိတ်ရောဂါအထူးကုဆရာဝန်ကြီးများ ပါဝင်ကုသပေးသွားမည်ဖြစ်သည်။

ယင်းအစီအစဉ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ဘူးသီးတောင်မြို့နယ်ဆရာဝန် ဒေါက်တာသန်းထွန်းကျော်တို့က ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခြင်းဖြစ်သည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...