တောင်ကြီးမြို့ လွိုင်လုံ ပညာဗောဓိ ပရဟိတကျောင်းယခင်နှစ်များထက် ကျောင်းသားပိုမိုများပြား

တောင်ကြီးမြို့ လွိုင်လုံ ပညာဗောဓိ ပရဟိတကျောင်းယခင်နှစ်များထက် ကျောင်းသားပိုမိုများပြား
by -
နန်းမောက်မိုဟျိုးခမ်း
တောင်ကြီးမြို့ လွိုင်လုံ ပညာဗောဓိ ပရဟိတကျောင်းမှ ကျောင်းသူကျောင်းသားလေးများ
တောင်ကြီးမြို့ လွိုင်လုံ ပညာဗောဓိ ပရဟိတကျောင်းမှ ကျောင်းသူကျောင်းသားလေးများ

သျှမ်း(ရှမ်း)ပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ လွိုင်လုံ ပညာဗောဓိ ပရဟိတ ကျောင်းတွင် ယခုနှစ် ကျောင်းသား / သူများ ပိုမိုများပြားလာသည်ဟုဆိုသော်လည်း အလှူရှင်များမှာ ယခင်နှစ်များထက် နည်းပါး​သွားကြောင်း သိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့က တောင်ကြီးမြို့ရှိ လွိုင်လုံပညာဗောဓိ ပရဟိတကျောင်း၌ သွားရောက် မေးမြန်းခဲ့ရာ ယမန်နှစ်က ကျောင်းသား/သူ စုစုပေါင်း၂၅၇ ဦးရှိပြီး ယခုနှစ် ကျောင်းသား/ သူပေါင်း ၃၅၀ ဦးရှိကြောင်းသိရသည်။

“စားစရိတ်ကတော့ပုံမှန် မဟုတ်ဘူး။ တခါတစ်လေ ကျတော့လည်း အလှူရှင်တွေ လာကျွေး မွေးတာရှိပြီး အလှူရှင်မရှိတဲ့ချိန်ဆိုရင်  တယောက်ကို တနပ်စာ ငါးရာကျပ်နှုန်းနဲ့တွက်တယ်။ ကျောင်းသားတွေများလို့ ကျောင်းဆောင်တွေ မလုံလောက်ဘူး။ သက်ကယ်ဆောင် နှစ်ဆောင် ဆောက်ခဲ့ရပြီး အခက်ခဲတွေအများကြီးရှိတယ် ။ဒီနှစ်မှာ တော့အလှူရှင်ဟာ အရင်နှစ်ထက် နည်းပါးတယ် ” ဟု လွိုင်လုံ ပညာဗောတိ  ပရဟိတကျောင်း ဦးစီးဆရာတော် အရှင်သီရိဓမ္မ က သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။

အဆိုပါ ပရဟိတကျောင်းသည် သျှမ်းပြည်တွင်းရှိ ငွေရေးကြေးရေးမတတ်နိုင်သော မိဘများမှ  ကျောင်းသား/သူ ပညာသင်ကြားနိုင်ရေးအတွက် ဖွင့်လှစ်ကြောင်းသိရသည်။

ဆရာတော်အရှင်သီရိဓမ္မက “ မိဘမဲ့ ကလေးတွေ၊ မိတကွဲဖတကွဲကလေးတွေနဲ့ မိဘဘက်က ငွေမတတ်နိုင်တဲ့ ကလေးတွေအတွက် ပညာရေးကို ကောင်းမွန်စွာ သင်ယူနိုင်ဖို့ ဘုန်းဘုန်းတို့ ရည်ရွယ်ပြီးဖွင့်ထားတယ်။ ကျောင်းသား/သူ တွေက အသက် ၈ နှစ်မှ ၁၈ နှစ် အထိ ဘုန်းဘုန်းတို့ လက်ခံထားပါတယ်” ဟုဆရာတော်ကမိန့်ကြားသည်။

လွိုင်လုံ ပညာဗောဓိ ပရဟိတကျောင်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် တွင်  ကျောင်းသား ၆၈ ဦးရှိပြီး၊ ၂၀၁၇ ခုနှစ်တွင် ​ ကျောင်းသား၊သူပေါင်း ၂၅၇ ဦး၊ ၂၀၁၈ ခုနှစ်တွင် ကျောင်းသား၊သူပေါင်း ၃၅၀ ဦးရှိကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...