ငြိမ်းချမ်းရေး ကော်မရှင် နှင့် KIO၊ RCSS/SSA တို့ အလွတ်သဘောတွေ့ဆုံ

ငြိမ်းချမ်းရေး ကော်မရှင် နှင့် KIO၊ RCSS/SSA တို့ အလွတ်သဘောတွေ့ဆုံ

အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တို့နှင့် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရန်အပါအဝင် ပဋိပက္ခများကို NCA လမ်းကြောင်းထဲမှ ဖြေလျှော့နိုင်ရန် နည်းလမ်းရှာသည့် သဘောဖြင့် ဇူလိုင်လ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။

ငြိမ်းချမ်းရေးကော်မရှင်သည် KIO နှင့် ဇူလိုင်လ ၂၀ ရက်နေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး RCSS/SSA နှင့် နေ့လည်ပိုင်းတွင် အလွတ်သဘောတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကို ဖြေလျှော့နိုင်ရန် အဓိကထား ဆွေးနွေးသွားမည့် အနေအထားတွင်ရှိသည်ဟု တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် နီးစပ်သူတစ်ဦးက သတင်းနှင့်မီဒီယာ ကွန်ရက်သို့ ဇူလိုင်လ ၁၉ ရက်နေ့က ပြောဆိုထားသည်။

“သူတို့ ပစ်တာခတ်တာတွေ မရှိစေချင်တော့ဘူးပေါ့ဗျာ။ အဲဒါကတော့ သေချာပါတယ်။ ဒါပေမယ့် အခုကြည့် နေလို့ရှိရင်တော့ RCSS နဲ့ ခဏခဏတိုက် နောက်ပြီးတော့ KIA နဲ့ကလည်း တိုက်တာတွေက ပြန်ဖြစ်လာတယ်။ အဲဒါတွေကြောင့်မို့လို့ ဒါတွေက သူတို့ဆွေးနွေးကြမယ် အဲဒါတွေတော့ မှန်းဆလို့ရတာပေါ့။”

အဆိုပါ တွေ့ဆုံပွဲကို ကချင်လွတ်လပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ အပါအဝင် ဒေါက်တာလဂျာ၊ ဗိုလ်မှူးလအောင်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ငြိမ်းချမ်းရေး ကော်မရှင် PC ဖက်မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ဇော်ဦးနဲ့အတူ ဒုစရဖမှူး ဗိုလ်ချုပ်သန်းထွဋ်သိန်း၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ တို့ လာရောက်ဆွေးနွေးခဲ့ကြသည်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA ဖက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် အပါအဝင် ဗိုလ်မှူးကြီး စိုင်းငင်း၊ နိုင်ငံရေးအကြံပေး စဝ်ခွန်ဆေတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အလွတ်သဘောတွေ့ဆုံမှု ဖြစ်သည့်အတွက် ဆုံးဖြတ်ချက်တစ်စုံတရာ ချမှတ်နိုင်ခြင်းမရှိဟု သိရသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...