မြောက်ပိုင်းစစ်ရေးပြဿနာကြောင့် နမ္မတူဒေခံ ရာဂဏန်း စစ်ဘေးရှောင်

မြောက်ပိုင်းစစ်ရေးပြဿနာကြောင့် နမ္မတူဒေခံ ရာဂဏန်း စစ်ဘေးရှောင်
နမ္မတူမြို့နှင့် ၁၅ မိုင်ခန့်ဝေးသော မိုင်းမုအုပ်စုသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များ
နမ္မတူမြို့နှင့် ၁၅ မိုင်ခန့်ဝေးသော မိုင်းမုအုပ်စုသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များ

ရှမ်း(သျှမ်း)ပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယမန်နေ့ (ဇူလိုင် ၁၆ ) နံနက်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် လယ်ယာ လုပ်ငန်း လုပ်ကိုင်နေသည့် ကျေးလက်ဒေသခံ ရာဂဏန်း နေရပ်မှ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

နိုင်ငံတကာ လူမှုကူညီရေးအသင်းအဖွဲ့တခုက ဇူလိုင်လ ၁၆ ရက် ၂၀၁၈ ရက်နေ့၌ နမ္မတူမြို့နယ်အတွင်း တအာင်း TNLA နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြားတိုက်ပွဲကြောင့် ဒေသခံ ၂၇၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ပြောဆိုသည်။

နမ္မတူမြို့နယ် မိုင်းမု ကျေးရွာအုပ်စုအတွင်းနေ ၀မ်ပုံ၊ မန်မိုင်၊ ဆမ်ခါ ၊ နောင်ငင်း ၊ နားဟုတ် နှင့် နမ့်ဆီလင်း ရွာသားများက ပန်လုံဘုန်းကြီးကျောင်းသို့လည်းကောင်း ကောင်းဟုန်း၊ လုံမိတ်၊ မိုင်းမု ရွာသူ ရွာသားများက မန်စံကျောင်းဟောင် ဘုန်းကြီးကျောင်းတွင်လည်းကောင်း ယမန်နေ့ နံနက်ပိုင်းမှ စ၍ ထွက်ပြေးတိမ်း ရှောင်နေကြကြောင်း စစ်ဘေးရှောင်စုစုပေါင်း ၂၇၀ ကျော် (ကျား ၁၂၀ ကျော်နှင့် မ ၁၄၀ ကျော်) ရှိကြောင်း သိရသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ပြန်ကြားရေးဌာနက – နမ္မတူမြို့နယ်အတွင်းဖြစ်ပွါးခဲ့သော တိုက်ပွဲနှင့်ပတ်သက်ပြီး သျှမ်းပြည်တပ်မတော် SSPP/SSA အနေဖြင့် စုံစမ်းမှုပြုလုပ်နေကြောင်း ၊ တိုက်ပွဲဆင်နွဲရန်လည်း ဗဟိုညွန်ကြားမှုမရှိကြောင်း – ထုတ်ပြန်ထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သတင်းစာမျက်နှာကမူ – SSPP/SSA အပါအဝင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်များက အဆိုပါဒေသအတွင်း နေ RCSS/SSA လှုပ်ရှားတပ်များအား ၀ိုင်းရံပိတ်ဆို့ ကာ လိုက်လံတိုက်ခိုက်နေသည်ဟု --ရေးသားထုတ်ပြန်ထားသည်။

အဆိုပါဒေသတွင် သျှမ်းပြည်တပ်မတော် RCSS/SSA ၊ အစိုးရတပ်မတော် ၊ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ ဖြစ်ကြ သည့် SSPP/SSA , တအာင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ လှုပ်ရှားလျက်ရှိသည်ဟု ဆိုသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...