” ဒါဟာ တရားဝင်တယ်။ မဝင်ဘူးဆိုတာကတော့ အပြီးသတ်မှာ ကျနော်တို့လျှောက်လဲမယ်။ သူတို့ဘက်ကလည်း လျှောက်လဲမယ်။ တရားရုံးက ဆုံးဖြတ်မယ်”ဟု ဒေါက်တာအေးမောင်၏ရှေ့နေ ဦးစံရွှေမောင် ပြော

” ဒါဟာ တရားဝင်တယ်။ မဝင်ဘူးဆိုတာကတော့ အပြီးသတ်မှာ ကျနော်တို့လျှောက်လဲမယ်။ သူတို့ဘက်ကလည်း လျှောက်လဲမယ်။ တရားရုံးက ဆုံးဖြတ်မယ်”ဟု ဒေါက်တာအေးမောင်၏ရှေ့နေ ဦးစံရွှေမောင် ပြော
by -
မာန်ယုကျော် (ရွှေဝမြေ)/ အောင်အောင်မြင့်
  ဓာတ်ပုံ – ဇူလိုင်လ ၁၆ ရက်နေ့က ရုံးထုတ်လာစဉ်တွေ့ရသည့် ဒေါက်တာအေးမောင်။
ဓာတ်ပုံ – ဇူလိုင်လ ၁၆ ရက်နေ့က ရုံးထုတ်လာစဉ်တွေ့ရသည့် ဒေါက်တာအေးမောင်။

ဒေါက်တာအေးမောင်ရင်ဆိုင်နေရသည့်အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေရဲများက ကြိုတင် အသင့် ရေးလာသည့် စာသားများကို တရားရုံးတွင် ထွက်ဆိုနေသဖြင့် တရားရုံးသို့ လျှောက်လဲချက် တင်ပြသွားမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်၏ရှေ့နေ ဦးစံရွှေမောင်က ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်နေ့) (၁၇) ကြိမ်မြောက် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့အား ရုံးထုတ်လားစဉ် သတင်းထောက်များကို ဦးစံရွှေမောင်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ဒီလို လုပ်နေတာဟာ တရားဝင်တယ်။ မဝင်ဘူးဆိုတာကတော့ အပြီးသတ်မှာ ကျနော်တို့လျှောက်လဲမယ်။ သူတို့ဘက်ကလည်း လျှောက်လဲမယ်။ တရားရုံးက ဆုံးဖြတ်မယ်”ဟု ရှေ့နေ ဦးစံရွှေမောင်က ပြောဆိုသည်။

ရသေ့တောင်စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်ဟောပြောခဲ့ချက်များနှင့်ပတ်သက်ပြီး သက်သေရဲများက ကူးယူလာသော စာသားများအတိုင်း ရွတ်ဆို ပြနေသည်မှာ ထူးခြားနေသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၏ တင်ပြချက်နှင့် နိုင်ငံပိုင် သတင်းစာ များတွင် ပါလာသည့် အကြောင်းအရာများသည် မဟုတ်မှန်ကြောင်း ထွက်ဆိုပေးပါဟု တရားလိုပြသက်သေရဲများအား သူ့အနေဖြင့် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ကြိုတင်ရေးလာသည့် စာသားများ ကိုသာ လာရောက်ဖတ်ပြထွက်ဆိုနေကြကြောင်း ကာယကံရှင် ဒေါက်တာ အေးမောင်က ပြောသည်။

“အခု ရဲတွေ ထွက်ဆိုတာတွေအားလုံးဟာ မှတ်တမ်းရေးလာတာတွေအားလုံးကို တရားရုံးမှာ ဖတ်ပြတာတွေ သာလုပ်နေတယ်။ အဲဒါ သက်သေခံ ဥပဒေနဲ့မြောက်၊ မမြောက်ဆိုတာကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တရားရုံးတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရှေ့နေတွေ၊ တရားသူကြီးတွေ အားလုံး သုံးသပ်နိုင်အောင် ကျွန်တော်က တင်ပြတာဖြစ်ပါတယ်”ဟု ဒေါက်တာအေးမောင်က ဇူလိုင်လ ၁၆ ရက်နေ့က ရုံးထုတ်စဉ်တွင် သတင်းထောက်များကို ပြောကြားသည်။

ထိုသို့ အသင့်ရေးလာသော မှတ်တမ်းများကို ထွက်ဆိုဖတ်ပြနေခြင်းနှင့် ပတ်သက်ပြီး ရှေ့နေများက မေးမြန်းရာ ဒေါက်တာအေးမောင်တို့ ဟောပြောခဲ့ချက်များသည် ရှည်လျားလွန်းလှသည့်အတွက် ယခုကဲ့သို့ မှတ်သားကာ ထွက်ဆိုရခြင်း ဖြစ်ကြောင်း ရဲများက အကြောင်းပြ ဖြေကြားခဲ့သည်ဟု ရှေ့နေ ဦးစံရွှေမောင်က သတင်းထောက်များကိုပြန်ပြောပြသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို လာမည့် ဇူလိုင်လ ၂၃ ရက်(တနင်္လာ) နေ့ကို ထပ်မံရုံးချိန်းလိုက်သည်။

 

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...