ရသေ့တောင် ပြည်နယ်လွှတ်တော်နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ် ၄ ဦးသာ လျှောက်လွှာတင်

ရသေ့တောင် ပြည်နယ်လွှတ်တော်နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ် ၄ ဦးသာ လျှောက်လွှာတင်

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော်နေရာ အတွက် ပါတီ ၃ ခုမှ ကိုယ်စားလှယ် ၃ ဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်သွင်းခဲ့သည်ဟု သတင်းရရှိသည်။

ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ရခိုင်အမျိုးသားပါတီမှ ဦးမောင်လှမြင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးခင်သန်းမောင်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးသိန်းမောင်နှင့် တစ်သီးပုဂ္ဂလ ဦးတင်မောင်ဝင်း (ဒေါက်တာအေးမောင်သား) တို့ ဖြစ်ကြောင်း စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးခင်မောင်ဦးက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဇူလိူင်လ ၂ ရက်နေ့ကနေ နောက်ဆုံး ၁၁ ရက်နေ့ထိ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လျှောက်လွှာတင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်အတွက် ၄ ဦးသာ အမည်စာရင်းတင်သွင်းပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီက ကတော့ လျှောက်လွှာတင်တာမရှိပါဘူး” ဟု ဦးခင်မောင်ဦးက ပြောသည်။

ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရခိုင်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေသို့ နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အတည်ပြု ပြောဆိုသည်။

“ အဓိကတော့ ပြည်နယ်တွေမှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကို ရှိစေချင်တဲ့ အတွက် ပြည်နယ် လွှတ်တော် နေရာတွေမှာ ဝင်ရောက် မယှဉ်ပြိုင်ဖို့ ပါတီက ဆုံးဖြတ် ထားပါတယ်။ ဒီအတွက် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်နေရာမှ ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ပါ” ဟု ဒေါက်တာ စန်းရွှေက ပြောကြားသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...