ဖားကန့်နှင့် တနိုင်းတွင် တိုက်ပွဲများ ဖြစ်ပွား

ဖားကန့်နှင့် တနိုင်းတွင် တိုက်ပွဲများ ဖြစ်ပွား

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ တပ်မတော်တို့အကြား ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြန်လည် ဖြစ်ပွားနေသည်။

ဇူလိုင်လ ၁၃ ရက် နှင့် ၁၄ ရက် တို့တွင် KIA တပ်မဟာ ၂ နယ်မြေ အတွင်းရှိ တပ်ရင်းများနှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး ကြီးနော်ဘူက ပြောသည်။

“တနိုင်းဘက်မှာ တပ်ရင်း ၁၄ ဖက်မှာလည်း တပ်မတော်ဖက်က ထိုးဝင်လာလို့ ရင်ဆိုင်တိုက်ပွဲတွေပေါ့။ ထိတွေ့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပါတယ်။ နောက်ပြီးတော့ ဖားကန့်ဖက်မှာလည်း တပ်ရင်း ၆ နယ်မြေဖက်မှာ သုံးလေးရက်လောက်ရှိပြီ တပ်မတော်ဖက်က လှုပ်ရှားလာလို့ KIA တပ်ဖွဲ့တွေနဲ့ ခုခံတိုက်ပွဲတွေ ဖြစ်တယ်လို့ သတင်းတွေ တက်ပါတယ်” ဟု ပြောသည်။

ထို့အပြင် အစိုးရ တပ်မတော်မှ တပ်အင်အားတိုးချဲ့မှုများ ရှိနေသည် ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။

“ဖားကန့်ဘက်မှာကတော့ လွန်ခဲ့တဲ့ အပတ်လောက်မှာပေါ့နော် အဲမှာတိုးချဲ့တယ်ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ တပ်မတော်ဘက်ကနေ ပြန်ရုတ်တာမရှိဘူး ဆိုရင်တော့ တဖြည်းဖြည်းနဲ့တော့ ပြင်းထန်လာနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။”

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ကလည်း တနိုင်းမြိုနယ်အတွင်းရှိ တနိုင်းနဲ့ အောင်လော့ဒ်ရွာကြားတွင် ကချင်လွတ််လပ်ရေး တပ်မတော် KIA နှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

အလားတူ KIA တပ်ရင်း ၆ နယ်မြေ ဖားကန့်ဒေသတွင် ဇူလိုုင်လ ၁၀ ရက်နေ့မှစတင်ပြီး KIA နှင့် အစိုးရ တပ်မတော်တို့ အကြား ယနေ့ထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟုု ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

လအနည်းငယ်ကြာ ရပ်တန့်နေရာမှ ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တိုု့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားလာနေသည့်အတွက် ဒေသခံ ပြည်သူများမှာ တိုက်ပွဲများ ပြင်းထန်လာမည်ကို စိုုးရိမ်နေသည်ဟု ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် မြောက်ပိုင်းမဟာမိတ်ဟု လူသိများသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေး နွေးညှိရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်ဖြစ်ပြီး NCA မဟုတ်သည့် လမ်းကြောင်းဖြင့် အစိုးရ နှင့် နိုင်ငံရေး ဆွေးနွေးရန် တရားဝင် ထုတ်ပြန်ထားသည့် အဖွဲ့ဖြစ်သည်။

 

February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...