ရသေ့တောင်တွင် ALD မြို့နယ်ခွဲရုံးဖွင့်

ရသေ့တောင်တွင် ALD မြို့နယ်ခွဲရုံးဖွင့်
by -
မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၏ မြို့နယ် ရုံးခွဲတစ်ခုကို ဇူလိူင် ၁၄ ရက်နေ့ နံနက်က ဖွင့်လှစ်ခဲ့သည်ဟု သတင်းရရှိသည်။

ရုံးဖွင့်ပွဲ အခမ်းအနားကို ရသေ့တောင်မြို့၊ ချောင်းဝရပ်ကွက်၊ ပညာသုခလမ်းရှိ ပါတီရုံးတွင် ပြုလုပ်ရာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ဥက္ကဋ္ဌ ဦးကျော်မြင့်က တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

"ပါတီဝင်အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် ခွင့်လွတ်သည်းခံစိတ်တွေနဲ့ ကျနော်တို့ ရခိုင်လူမျိုးတွေအတွက် အဓိက ဘာလုပ်ပေးနိုင်မလဲဆိုတာကိုပဲ ရှေးတန်းတင်သွားကြဖို့ လိုပါတယ်" ဟု ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်က ရုံးဖွင့်ပွဲတွင် ပြောသည်။

ယင်းအပြင် လာမည့်နှစ်တွင် ရခိုင်ပြည်နယ်မြို့နယ်တိုင်း၌ ပါတီရုံးခွဲဖွင့်ပွဲများကို အပြီးသတ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း ဦးကျော်မြင့်က ပြောဆိုသည်။

ရသေ့တောင်မြို့နယ်ပါတီရုံးခွဲဖွင့်ပွဲသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)မှ ပါတီခေါင်းဆောင် တချို့နှင့် ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ မင်းပြားနှင့် ပေါက်တောနယ်များမှ ဗဟိုကော်မတီဝင်များနှင့် ပါတီဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်နေသော ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)နေရာကို ALD ပါတီမှ ကိုယ်စားလှယ် ဦးသိန်းမောင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...