ကားဖြတ်ရွေးကောက်ပွဲတွင် ALD သည် ရခိုင်တွင်သာမက ရန်ကုန်တိုင်းဒေသကြီး နေရာ ၂ ခုမှလည်း ပါဝင်ယှဉ်ပြိုင်မည်

ကားဖြတ်ရွေးကောက်ပွဲတွင် ALD သည် ရခိုင်တွင်သာမက ရန်ကုန်တိုင်းဒေသကြီး နေရာ ၂ ခုမှလည်း ပါဝင်ယှဉ်ပြိုင်မည်

လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) သည် ရခိုင်တွင်သာမက ရန်ကုန်တိုင်းဒေသကြီးမှ မဲဆန္ဒနယ် နယ်မြေ (၂) ခုတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ပါတီဝင် တစ်ဦးဖြစ်သူ ဒေါ်သက်သက်နွယ်မှလည်းကောင်း၊ ဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် နေရာတွင် ALD ၏ ပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးမောင်လှကျော် (ပေါက်တော)မှလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

“ နိုင်ငံရေး ပါတီ တစ်ရပ်အနေနဲ့ နေရာသုံးခုမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်ဆိုတဲ့ စည်းကမ်းရှိတယ်။ ဒီအတွက် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်သလို ရန်ကုန်တိုင်းမှာ ရခိုင်တွေများစွာရှိတဲ့ အတွက် သူတို့ကို အားကိုးပြီးလည်း ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်” ဟု ပါတီ၏ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးလှမြင့်က ပြောသည်။

ALD ပါတီသည် လစ်လပ်နေသော ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်နေရာမှလည်း ပါတီ၏ ကိုယ်စားလှယ် ဦးသိန်းမောင်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

“ ရွေးကောက်ပွဲ ကော်မရှင်မှာ လျှောက်လွှာတင်လိုက်ပါပြီ။ အနိုင်ရမလားဆိုတော့ ပါဝင် ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းက ၁၄ နေရာလောက်စီရှိတော့ ရခိုင်သားတွေ အကုန်လုံးမဲပေးရင်တော့ နိုင်ခြေရှိပါတယ်။ တာမွေမှာဆိုရင် ကျောက်မြောင်းမှာ ရခိုင်တွေများတဲ့ အတွက် အားလုံးက ပေးရင်တော့ နိုင်ပါတယ်” ဟု ဦးလှမြင့်က ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD သည် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) နှင့် ပေါင်းစည်းပြီး ရခိုင်အမျိုးသားပါတီ (ANP) တည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် ပါတီတွင် ပြသနာများကြောင့် ခေါင်းဆောင်အများအပြား အထုတ်ခံခဲ့ရပြီး ၎င်းခေါင်းဆောင်များမှ ALD ပြန်လည် တည်ထောင်ခဲ့ကြသည်။

ယခု ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှုသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ နောက်ပိုင်း ALD အနေဖြင့် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲ ဖြစ်သည်။

May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...