၀ တပ် NCA လက်မှတ်ထိုးလျှင် ၀ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲ တက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

၀ တပ် NCA လက်မှတ်ထိုးလျှင် ၀ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲ တက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဇူလိုင် ၁၂ ရက် ဒေါ်အောင်ဆန်းစုကြည်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားလှယ်များ နှင့်တွေ့ဆုံစဉ်
ဇူလိုင် ၁၂ ရက် ဒေါ်အောင်ဆန်းစုကြည်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားလှယ်များ နှင့်တွေ့ဆုံစဉ်

၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ အနေဖြင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုး လျှင် လာမည့်နှစ်အတွင်း ပန်ဆန်းတွင် ကျင်းပမည့် နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး အထိမ်းအမှတ်ပွဲသို့ တက် ရောက် မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၂ ရက် မြောက်ပိုင်းမဟာမိတ်များ နှင့်တွေ့ဆုံစဉ် ပြော ကြားလိုက်သည်ဟု သိရသည်။

၂၀၁၈ ဇူလိုင်လ ၁၂ ရက်နေ့ က နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင် ၇ ဖွဲ့အား နှစ်ဖွဲ့ခွဲကာ နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း၊ ၀ တပ် UWSA ၊ မိုင်းလား NDAA၊ ကချင် KIA နှင့် သျှမ်း SSPP တို့အားတဖွဲ့၊ ကိုးကန့် MNDAA ပလောင် TNLA ရခိုင် AA တို့အား တဖွဲ့အဖြစ် ခွဲကာ တွေ့ဆုံကြသည်ဟု ဆိုသည်။

"လာမည့်နှစ် ၂၀၁၉ ထဲမှာ ဆို ၀ တပ် ဖွဲ့ ငြိမ်းချမ်းရေး ယူလာတာ နှစ် ၃၀ ပြည့်ပြီလေ။ ဒါကို ဦးသိန်းစိန် အစိုးရ က တောင် ဂုဏ်ယူပြီးပြောတယ်။ အဲအချိန်ကျရင် ၀ တွေ ပွဲလုပ်မယ် ဒါကို ဒေါ်စုကို ဖိတ်တာ။ ဒေါ်စုက ၀ အနေနဲ့ NCA လက်မှတ်ရေးထိုးရင် လာတက်မယ်။ မထိုးရင်တော့ မလာရဲဘူးတဲ့ "– နေပြည်တော် ရောက် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင် အရာရှိကြီးတဦးကပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် အဆင့်မြင့်ကိုယ်စားလှယ်များသည် တရုတ်အစိုးရ ကြားဝင်ကူညီမှုဖြင့် ၂၁ ရာစု ပင်လုံညီလာခံ တတိယ အကြိမ် အဖွင့်အခမ်းအနား တက်ရောက်ခဲ့သည်။

ဇူလိုင် ၁၁ ရက်နေ့ အဖွင့်အခမ်းအနားအပြီး တပ်မတော်ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က bi-lateral လက်မှတ်ရေးထိုးထားသည့် ၀ ၊ မိုင်းလား၊ ကေအိုင်အေ နှင့် အက်စ်အက်စ်ပီပီ တို့ ကိုလက်ခံတွေ့စုံပြီး ဒုတိယ တပ်မတော် ကာကွယ်ရေးဦးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က လက်ရှိတိုက်ပွဲဝင်နေသည့် ကိုးကန့် MNDAA ၊ ပလောင် TNLA နှင့် ရခိုင် AA တို့ကိုလက်ခံတွေ့ဆုံသည်။

တရားဝင်ထုတ်ပြန်ချက်အရ အဆိုပါ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များသည် လက်ရှိ သွားနေသည့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ် NCA လမ်းကြောင်းက အလုပ်မဖြစ်တော့ကြောင်း၊ သည့်အတွက် အဆိုပါ လမ်းကြောင်းဖြင့်မသွားဘဲ တခြားနည်းလမ်းဖြင့် နိုင်ငံရေး တိုက်ရိုက်ဆွေးနွေးလိုသည်။ နိုင်ငံရေး ဆွေးနွေးရန်လည်း ၄င်းတို့ အဖွဲ့ ရ ဖွဲ့အား ကိုယ်စားပြုသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ (Federal Political Negotiation and Consultative Committee :FPNCC) တရပ်အား ၂၀၁၇ ခု နှစ်က ဖွဲ့စည်းထားသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...