ပင်လုံညီလာခံဒုတိယရက် ရှမ်းပြည်အလယ်ပိုင်းတွင် စစ်ဘေးရှောင်ဦးရေတထောင်ကျော်ထိတိုး

ပင်လုံညီလာခံဒုတိယရက် ရှမ်းပြည်အလယ်ပိုင်းတွင် စစ်ဘေးရှောင်ဦးရေတထောင်ကျော်ထိတိုး
ကုံးဇုံကျောင်းတိုက်က စစ်ဘေးရှောင်များ (Photo: SSM)
ကုံးဇုံကျောင်းတိုက်က စစ်ဘေးရှောင်များ (Photo: SSM)

၂၀၁၈ ဇူလိုင်လ ၁၂ ရက် နေပြည်တော်တွင် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယရက် ဆက်ကျင်းပနေချိန် ရှမ်း(သျှမ်း)ပြည်တပ်မတော် RCSS/SSA အား တိုက်ခိုက်ရန် အစိုးရတပ်မတော် စစ်ရေးတိုးမြင့်လှုပ် ရှားမှုကြောင့် သျှမ်းပြည်တောင်ပိုင်းလွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်က စစ်ဘေးရှောင်ဦးရေများ တထောင်ကျော်ထိတိုး များလာနေသည်ဟု သိရသည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA အား နယ်မြေကျူးကျော်လှုပ်ရှားသည်ဟု တပ်မတော် မှ ဒုတိယ ဗိုလ်မှူးကြီး မြတ်ထွန်းဦး မှ စွပ်စွဲသည့်နောက် ပိုင်း တပ်မတော်မှ အင်အားဖြည့်ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စု ၀င်ကျေးရွာများ၊ တုံလောဝ်ကျေးရွာအုပ်စုဝင်ကျေးရွာများ၊ ဟမ်းငိုင်းကျေးရွာအုပ်စုဝင်ကျေးရွာများမှ ဒေသခံ တထောင်ကျော် နေရပ်မှ စွန့်ခွါနေရခြင်းဖြစ်သည်။

စစ်ဘေးရှောင်များအား သွားရောက်ကူညီသည့် ကျေးသီးမြို့ပြည်နယ် လွှတ်တော်အမတ် စိုင်းစံမင်း က – "စစ်ဘေးရှောင်သူတွေရဲ့ စာရင်းတွေ ကျနော်တို့ လိုက်ကောက်တယ်၊ ကျောင်းပိတ်ထားရတဲ့ ကျောင်းနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ စာရင်းတွေကို ကျနော်တို့လိုက်ကောက်ထားတာရှိတယ်။ ဒီနေ့ကျနော် တို့ကျေးသီး နဲ့ လဲချား ကျားခေါင်းပါတီက စစ်ရှောင်တွေကိုသွားကူတယ် "– ဟု ပြောသည်။

လက်ရှိတွင် ၀မ်နားလေ ကျောင်းတိုက်တွင် စစ်ဘေးရှောင် ၂၀၀ ကျော်၊ လုံစံ ကျောင်းတိုက်တွင် ၂၅၀ ကျော်၊ စက်တော်ကျောင်းတိုက်တွင် ၄၀၀ ကျော် ၊ ကုံးဇုံကျောင်းတိုက်တွင် ၁၀၀ ကျော် ၊ ကျေးသီးမြို့ သုဝဏ္ဏဟုန်း ထမ်း ကျောင်းတိုက်တွင် ၂၀ ခန့်နှင့် ဆွေမျုိးရှိရာ ကျေးသီးမြို့ဘက်၊ မိုင်းကိုင်မြို့ဘက်၊ ပန်ကေတု၊ တုံလောဝ်း ၊ နမ့်လန် သို့တွင်လည်းသွားရောက်ခိုလုံနေကြရသည်ဟု သိရသည်။

‘ဒီကနေ့ကျနော်တို့ ကူညီဖို့သွားတယ်။ တချို့နေရာမှာ ၀င်လို့မရဘူး။ လေယာဉ်လဲ လာဝဲတယ်ဒီနေ့။ ကျေး လက်ရွာသူရွာသားတွေ စိုက်ပျိုးချိန် ရွေးပြီး တိုက်ခိုက်တယ်။ ဘာဖြစ်လို့ နိုင်ငံရေးနည်းနဲ့ မဆွေးနွေးကြ တာလဲ လူထုဘဲဒုက္ခ ရောက်တယ် "– ဟု ကူညီကယ်ဆယ်ရေးအဖွဲ့မှ စိုင်းအွတ် ကပြောသည်။

အဆိုပါဒေသအတွင်း အစိုးရတပ်မတော်မှ မိုင်းပန်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု (စကခ) အမှတ် ၁၇ လက်အောက်ခံတပ်ရင်းများ၊ ကျောက်မဲအခြေစိုက် စကခ ၁ လက်အောက် ခံတပ်ရင်းများ အပြင် မြောက် ပိုင်း ဒေသ တွင်တိုက်ပွဲဝင်နေသည့် တပ်မ ၃၃ လက်အောက်ခံတပ်ရင်းများလည်း အင်အားဖြည့် လှုပ်ရှားလာ နေသည်ဟု စစ်ရေးအခြေအနေ စောင့်ကြည့်နေသည့် ဒေသခံ အကြီး အကဲတဦးက ပြောသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...