သီပေါမြို့နယ်အတွင်း ဆယ်အိမ်ခေါင်း အမျိုးသားတဦး သေနတ်ထပ်မံပစ်ခံရ

သီပေါမြို့နယ်အတွင်း ဆယ်အိမ်ခေါင်း အမျိုးသားတဦး သေနတ်ထပ်မံပစ်ခံရ
( Photo by Shur Htet Paing)
( Photo by Shur Htet Paing)

ရှမ်း(သျှမ်း)ပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် မိုင်းလင်းကျေးရွာ အုပ်စု ခွန်ပန်ဟေးရွာ( ဆီဆုံရွာ) ဆယ်အိမ်ခေါင်း တဦးသည် သောကြာနေ့ သန်းခေါင်ယံအချိန်ခန့်တွင် သေနတ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

သေနတ်ပစ်ခံရသည့် ဒေသခံ အမျိုးသား သည်အသက် (၅၂) နှစ် အရွယ်ရှိ ဆီဆုံရွာ ဆယ်အိမ်ခေါင်း ဦးကျော်ဝင်းနိုင် ဆိုသူ သေနတ် ဒဏ်ရာ ၃ ချက် ထိမှန်ခဲ့ကြောင်း သီပေါမြို့ နိုင်ငံရေးပါတီ ၀င်များ အတည်ပြုချက်အရ သိရသည်။

“ ည ၁၁ နာရီ ၄၅ မိနစ်လောက် သေနတ်ပစ်ခံရတယ်ဆိုတဲ့ သတင်းရပါတယ်။ ဒဏ်ရာကတော့ ဘယ်ဖက် နံစောင်းမှာ တချက်၊ ကျောဘက်မှာ တချက်နဲ့ပေါင်မှာ တချက် ရပါတယ်” ဟု သီပေါမြို့ နယ်စည်းမခြား ပရဟိတ အဖွဲ့မှ ကိုမျိုး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေနတ်ပစ်ခံရသည့် အဆိုပါ ဆီဆုံကျေးရွာ ဆယ်အိမ်ခေါင်းသည် မိသားစု ၀မ်းစာအတွက် တောင်ယာလုပ်ငန်း လုပ်ကိုင်သူတဦးဖြစ်ပြီး မည်သည့်အဖွဲ့မှ လာရောက် ပစ်ခတ်ခဲ့သည်ကို မသိရှိရသေးဘူးဟု ဒေသခံများက ပြောသည်။

သျှမ်းပြည်နယ် မြောက်ပိုင်းသီပေါမြို့နယ် အတွင်း မကြာခဏ သေနတ်ပစ်သတ်ခံရသဖြင့် ဒေသခံများ ၏ လုံခြုံရေးမှာ စိုးရိမ်နေရကြောင်း လည်း သီပေါမြို့ မှ ဒေသခံ တဦးက ပြောသည်။

“ သီပေါမြို့ရဲ့ လုံခြုံရေးကတော့ ကိုယ့်ဘာသာကိုယ် တာဝန်ယူနေရတယ်။ လက်နက်ကိုင် အဖွဲ့တွေကလည်း အစုံရှိတော့ ကြောက်နေရတယ်။ ဘယ်နေ့ ကိုယ့်အလှည့်ဆိုတာ တွေးကြောက်နေရတယ်” ဟု သီပေါမြို့ဒေသခံ အမျိုးသား တဦးက ပြောသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း အစိုးရ တပ်မတော် အပြင်၊ အစိုးရလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ မကြာခဏ သွားလာလှုပ်ရှားနေသည့် နေရာဖြစ်ကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...