တောင်ကုတ်ဒီဂရီကောလိကျောင်းကားခလျော့ကျရေး လမ်းလျှောက် ဆန္ဒဖော်ထုတ်မည်

တောင်ကုတ်ဒီဂရီကောလိကျောင်းကားခလျော့ကျရေး လမ်းလျှောက် ဆန္ဒဖော်ထုတ်မည်
by -
စိုးဇံအောင်(တောင်ကုတ်)

တောင်ကုတ်ဒီဂရီကောလိပ်နှင့် မြို့ထဲသို့ပြေးဆွဲနေသည့် သုံးဘီးခ စျေးနှုန်းများ ပုံမှန်လျော့ကျရေးအတွက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ထုတ်ပွဲတစ်ခုကို များမကြာမီ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

တောင်ကုတ်ဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမင်းခန့်မောင်မောင်က "ကျွန်တော်တို့ အစိုးရစျေးနှုန်းနဲ့ စက်သုံးဆီ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနတွေကို စာတင်ပါတယ်။ ဇွန် ၂၁ ရက်နေ့ ကတစ်ကြိမ်။ ဇွန် ၂၇ ရက်နေ့ကတစ်ကြိမ်။ အဲ့လိုစာ ၂ ကြိမ်တောင် တင်ထားပေမယ့် ကျွန်တော်တို့ ကျောင်းသား သမဂ္ဂကို ပြန်ပြီး အကြောင်းကြားတုန့်ပြန်တာမျိုး မရှိပါဘူး။ဒါကြောင့် အခုလို ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုသွားဖို့ စီစဉ်ရတာ ဖြစ်ပါတယ်" ဟု ကိုမင်းခန့်မောင်မောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲအား လာမည့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၇ နာရီတွင် စတင်ပြုလုပ်မည် ဖြစ်ပြီး လမ်းလမ်းလျှောက်ဆန္ဒထုတ်ဖော်မည့်ကျောင်းသားဦး ရေ ခန့်မှန်းခြေ ၁၀၀၀ ခန့်ရှိကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရန် သင်္ဘောဆိပ်လမ်းမကြီး အထက ၂ကျောင်းအနီးတွင်လူစုဝေးမည်ဖြစ်ပြီး နံနက် ၈ နာရီတွင်စတင်ချီတက်မည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ချီတက်ရာတွင် သင်္ဘောဆိပ်လမ်းမကြီးမှ စတင်ချီတက်ပြီး ဦးအောင်ဇေယျလမ်း၊ ထိုမှတဆင့် ရဲစခန်းရှေ့မှ လျှပ်စစ်လမ်းကထွက်ကာ ပြည်-တောင်ကုတ် လမ်းမကြီးအတိုင်း ချီတက်ပြီး အမ်းလမ်းမှတဆင့် တောင်ကုတ်ဒီဂရီကောလိပ်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် တောင်ကုတ်ဒီဂရီကောလိပ်သို့ ပြေးဆွဲနေသော သုံးဘီးခစျေးနှုန်း ပုံမှန်အတိုင်းလျော့ ကျရေး တို့အရေး စသည်ကြွေးကြော်သံများအပြင် သုံးဘီးခစျေးနှုန်း လျော့ကျစေရေးအတွက်ကျောင်းသား များ လှုပ်ရှားမှု စသည့်ဗီနိုင်းပိုစတာများဖြင့်ချီတက် ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။

တောင်ကုတ်ဒီဂရီကောလိပ်သို့ ပြေးဆွဲနေသည့် သုံးဘီး ခစျေးနှုန်းမှာ ယခင်က တစ်ကြောင်း ၃၀၀ ကျပ်၊ အသွားအပြန် ၆၀၀ ကျပ်ရှိရာမှ ယခုအခါ တစ်ကြောင်း ၄၀၀ ကျပ်၊ အသွားအပြန် ၈၀၀ ကျပ်ထိ တိုးလိုက်သဖြင့် ကျောင်းသားကျောင်းသူများ အတွက်အဆင် မပြေဖြစ်နေကြောင်း သိရှိရသည်။

သို့အတွက် သုံးဘီးအသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးပြီး အစိုးရစျေးနှင့် စက်သုံးဆီ ရရှိ နိုင်ရေးကို ပြည်နယ် အစိုးရထံ ကျောင်းသားသမဂ္ဂက စာတင်ထားရာ အစိုးရဘက်မှ တုန့်ပြန်မှု တစ်စုံတစ်ရာမရှိခဲ့ဟု သိရသည်။

"ကျွန်တော်တို့ဘက်က အခုလိုဆန္ဒထုတ်ဖော်ရတယ်ဆို တာ သုံးဘီးသမားတွေကို ဖိအား ပေးတာ မဟုတ်ပါဘူး။ အစိုးရကိုပဲ ဖိအားပေးတဲ့သဘောပါ။ကျွန်တော်တို့ကို စာနဲ့ပြန်ပြီး အကြောင်း မကြား နိုင်ဘူးဆိုရင်တောင် ဖုန်း နဲ့ပဲဖြစ်ဖြစ် ပြန်ပြီးအကြောင်းကြားသင့်ပါတယ်။အခုလို စာနဲ့လည်း အကြောင်းမကြား။ ဖုန်းနဲ့လည်း မဆက်သွယ်ဘူးဆိုတာကတော့ အစိုးရအနေနဲ့ ကျွန်တော်တို့ ကျောင်းသားတွေကို အလေးမထားရာရောက်နေပါတယ်"ဟု ကိုမင်းခန့်မောင်မောင်က ဆက်ပြောသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...