၂၁ရာစု ပင်လုံ ညီလာခံ ကို NCA လက်မှတ်မထိုးသေးသည့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ တက်ရောက်မည်

၂၁ရာစု ပင်လုံ ညီလာခံ ကို NCA လက်မှတ်မထိုးသေးသည့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ တက်ရောက်မည်
by -
နန်းဆိုင်နွမ်

ယခု လ လယ် တတိယ အကြိမ်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ကို အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) လက်မှတ်မရေးထိုးသေးသည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ တက်ရောက်မည်ဟု သတင်းရရှိသည်။

တတိယ အကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဇူလိုင်လ ၁၁ ရက်ကနေ ၁၆ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

“ မြောက်ပိုင်း တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ အားလုံး ကို ဖိတ်ထားပါတယ်။ သူတို့ တက်မယ်လို့တော့ ပြောပါတယ်။နောက် KNPP ကိုလည်း ကျနော်တို့ ဖိတ်ပါတယ်။ KNPP လည်း တက်မယ်လို့ ပြောပါတယ်” ဟု နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။

ထို့အပြင် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ရဖွဲ့များကို တရုတ်သံရုံးမှ တဆင့် အကြောင်းကြားစာပို့ထားကြောင်း ဦးဇော်ဌေး က ပြောသည်။

အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် လက်မှတ်မထိုးရသေးသည့် အဖွဲ့ မှာ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA – မိုင်းလားအဖွဲ့)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA) တို့ ဖြစ်ကြောင်းသိရသည်။

ယခု ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးကို အကာကွယ်ပေးခြင်းနှင့် ဒီမိုကရေစီအခွင့်အရေး အခြေခံ လူ့အခွင့်အရေးနှင့် ကျားမတန်းတူညီမျှမှုရေးကို အဓိက ဆွေးနွေးသွားမည်ဟု သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...