နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်မောဝ်အား ဂုဏ်ပြုသည့် တေးဂီတဖျော်ဖြေပွဲ ဇိဏ်းလျောတီးဝိုင်းနှင့် ချင်းမိုင်ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ ကျင်းပပေးမည်

နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်မောဝ်အား ဂုဏ်ပြုသည့် တေးဂီတဖျော်ဖြေပွဲ ဇိဏ်းလျောတီးဝိုင်းနှင့် ချင်းမိုင်ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ ကျင်းပပေးမည်

ထိုင်းနိုင်ငံချင်းမိုင်မြို့ ချင်းမိုင်သျှမ်း(ရှမ်း)စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဇိဏ်းလျောတေးဂီတအဖွဲ့နှင့် ပူးပေါင်းကာ နိုင်ငံကျော် အဆိုတော် စိုင်းဆိုင်မောဝ်အား ဂုဏ်ပြုပေးသည့် သမိုင်းဝင်ဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်းသိရသည်။

သမိုင်းဝင်တေးဂီတဖျော်ဖြေပွဲကို ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် ချင်းမိုင်မြို့ ၀ပ်ကူတောက်ဘုန်းကြီးကျောင်းတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ စိုင်းဆိုင်ယ က- “၀င်ခ တဦးကိုဘတ် ၁၀၀ ကောက်ပါမယ်။ ရလာတဲ့ငွေအားလုံး ပွဲအသုံးစရိတ်ကိုနှုတ်ပြီးရင်ကျန်တာအကုန်လုံး စိုင်းဆိုင်မောဝ်အတွက်ဆေးကုသစရိတ် လှူဒါန်းပေးပို့ပါမယ်။ မိုးဦးဖြစ်လို့ ပွဲမှာ မိုးမိမှာမစိုးရိမ်ရပါဘူး။ ကျနော်တို့ အမိုး မိုးထားပေးပါမယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

နိုင်ငံကျော် သျှမ်းအဆိုတော် စိုင်းဆိုင်မောဝ် အသက် ရ၀ နှစ်သည် အသည်း၊ကျောက်ကပ်၊သွေးတိုးရောဂါနှင့် သွေးကြောပိတ်ရောဂါ ဝေဒနာဖြစ်ပွါးကာ မတ်လကတည်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆုခွန်ဝစ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရပါသည်။

“စိုင်းဆိုင်မောဝ်ဟာ အမျိုးသားရေး နှိုးကြားစေတဲ့တေးသီချင်းတွေကို သီဆိုထုတ်လုပ်ခဲ့တယ်။ သျှမ်းလူမျိုး တွေကို ဂုဏ်ဆောင်ပေးတဲ့ အဆိုတော်တယောက်ကို ဂုဏ်ပြုချင်တာလည်း ပါတယ်။ ဒါကြောင့် သူနဲ့ လက်ရှိနာမည်ကြီး ဇိဏ်းလျောတီးဝိုင်းနဲ့ ပေါင်းပြီးတေးဂီတဖျော်ဖြေပွဲလေးပေါ့ ကျနော်တို့လုပ်ပေးချင်တာ။ တခြားအဆိုတော်တွေကတော့ စိုင်းဟန်လျန်း၊ စိုင်းဆိုင်လျက်နဲ့ စိုင်းလွမ့်ဝန်း တို့ပါမယ်။ ချင်းမိုင်ကို ရောက်နေတဲ့ စိုင်းဆိုင်မောဝ်ရဲ့ပရိသတ်တွေကို ဖိတ်ကြားအပ်ပါတယ်။ စိုင်းဆိုင်မောဝ်ကိုလာအားပေးပါဦးလို့” – ဟု လည်း စိုင်းဆိုင်ယ ကပြောသည်။

စိုင်းဆိုင်မောဝ်သည် မူစယ်မြို့နေ ဦးစိုင်းဘခိုင်နှင့် နန်းအေးစိန်တို့မှ မွေးဖွားသည့် သားသမီး ၆ ဦးအနက် စတုထ္တမြောက်သားဖြစ်ပါသည်။ ၁၉၄၉ခုနှစ် မတ်လ ၁၈ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၆၀ ခုနှစ် ကစပြီး သျှမ်းသီချင်းများကို တိတ်ခွေတွင်အသံသွင်းကာ စတင်ဖြန့်ချီခဲ့ရာမှ ယနေ့တိုင် တေးသီချင်းများသီဆိုနေဆဲဖြစ်ပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...