တောင်ကုတ်တွင် ဂျပန်မှ လှူဒါန်းသည့် ရေပေါ်ဆိပ်ကမ်းဖေါင်တော်ပြီးစီး

တောင်ကုတ်တွင် ဂျပန်မှ လှူဒါန်းသည့် ရေပေါ်ဆိပ်ကမ်းဖေါင်တော်ပြီးစီး
by -
စိုးဇံအောင်(တောင်ကုတ်)

ရခိုင်ပြည်နယ်တောင်ကုတ်မြို့တွင် ဂျပန် အကူအညီဖြင့် တည်ဆောက်နေသည့် ရေပေါ်ဆိပ်ကမ်း ဖေါင်တော်မှာ ပြီးစီးသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းဆိပ်ကမ်းဖောင်တောအား ဂျပန်နည်းပညာဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ဒုတိယမြောက် တည်ဆောက်သည့် ရေပေါ်ဆိပ်ကမ်း ဖေါင်တော်တစ်ခု ဖြစ်ကြောင်း သိရသည်။

စစ်တွေသင်္ဘောကျင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာမှူး ဦးသိန်းဝင်းက “ ဒီရေပေါ် ဆိပ်ကမ်းကို ဂျပန်မှလှူ ဒါန်းထားခြင်းဖြစ်ပါတယ်။ ကစ္ဆပ အမြန်ရေယာဉ် (၁)၊ (၂)၊ (၃) ဆိုက်ကပ်ရန်အတွက်ဖြစ်ပါတယ်။ အခု တည်ဆောက်တာ ပြီးစီးသွားပါပြီ” ဟု ပြောသည်။

ဆိပ်ကမ်းကိုအောက်ခံဖော့တုံးများအပေါ်အလူမီနီယမ် ဖရိန်ဆင်ပြီး အပေါ်မှာ ပျဉ်ပြားများခင်း၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟု သိရသည်။

"ကုန်ကျငွေဘယ်လောက်ဆိုတာတော့ ကျွန်တော့်မှာ ပြောခွင့်မရှိပါဘူး။ လှူ ဒါန်းတာလည်း ဂျပန်ကပါ။ဆောက် လုပ်တဲ့နည်းပညာကလည်း ဂျပန်နည်းပညာနဲ့ ဂျပန် လူမျိုးပညာရှင်တွေ တည်ဆောက်တာပါ"ဟု အင်ဂျင်နီယာမှူး ဦးသိန်းဝင်းက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

အဆိုပါရေပေါ်ဆိပ်ကမ်းမှာ အလျား ပေ ၁၀၀ နှင့်အနံပေ ၂၀ ရှိပြီး ရေအတက် အကျလိုက် မြင့်တက် နိုင်သည်ဟု သိရသည်။

၄င်းကဲ့သို့ ဆိပ်ကမ်းဖောင်တော်မျိုးကို စစ်တွေမြို့ဆတ်ရိုးကျချောင်းတွင်လည်း ဂျပန်မှ တစ်ခု ဆောက်လုပ်လှူ ဒါန်းထားရာ ဇွန်လ ၈ ရက်နေ့ကပြီးစီးခဲ့ကြောင်းသိရသည်။

"အဓိကကတော့ ကစ္ဆပ ရေယာဉ်ဆိုက်ကပ်ဖို့အတွက်ပါ။ကစ္ဆပရေယာဉ်က အလူမီနီယမ် ကိုယ်ထည် ဆိုတော့တခြားဆိပ်ကမ်းတွေမှာကပ်လို့ အဆင်မပြေတဲ့အတွက် ဂျပန်က ဆိပ်ကမ်း ဆောက်လုပ်လှူ ဒါန်းတာဖြစ်ပါတယ်"ဟု အင်ဂျင်နီယာမှူး ဦးသိန်းဝင်းက နိရဥ္စရာသို့ပြောသည်။

ယခုဆိပ်ကမ်းဆောက်လုပ်ခြင်းမှာပြီးစီးနေပြီ ဖြစ်ကြောင်း၊ စတင်အသုံးပြုရန်အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း အင်ဂျင်နီယာမှူး ဦးသိန်းဝင်းထံမှသိရသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...