ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးသူငယ်အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်းတစ်ရာ ထောက်ပံ့မည်

ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးသူငယ်အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်းတစ်ရာ ထောက်ပံ့မည်
by -
ယိင်းတိုင်း
ဇွန်လ (၂၀) ရက်နေ့က တောင်ကြီးမြို့၊ (Royal Taunggyi Hotel) တွင်ကျင်းပတဲ့ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)အောက်ကလေးများအားငွေကြေးထောက်ပံ့ပေးနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ
ဇွန်လ (၂၀) ရက်နေ့က တောင်ကြီးမြို့၊ (Royal Taunggyi Hotel) တွင်ကျင်းပတဲ့ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)အောက်ကလေးများအားငွေကြေးထောက်ပံ့ပေးနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ

ရှမ်း(သျှမ်း)ပြည်နယ်တခုလုံးအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက် (၂) အောက်ကလေးများအား ကမ္ဘာ့ဘဏ် မှအမေရိကန် ဒေါ်လာသန်းတစ်ရာထောက်ပံ့ရန် လျာထားလျှက်ရှိကြောင်း သျှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှညွန်ကြားရေးမှူးဦးထွန်းဦ ထံမှသိရသည်။

အဆိုပါ ထောက်ပံ့မည့်အစီအစဉ်ကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင်စတင်မည်ဖြစ်ပြီး သျှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့်  ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုသိရသည် ။

သျှမ်းပြည်နယ်အတွင်းကကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးသူငယ်များ၏အဟာရဖွံ့ဖြိုးရေးအတွက်ရည်ရွယ် ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့်အသက် (၂) နှစ်အောက်ကလေးငယ်တိုင်း တစ်လလျှင် မြန်မာကျပ်ငွေ (တစ်သောင်း ငါးထောင်)ကျပ်စီ ထောက်ပံ့ပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရှိရပာသည် ။

ယင်းထောက်ပံ့ရေးအစီအစဉ်ကို သျှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ကျန်းမာရေးဦးစီးဌာန၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှပူးပေါင်းကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)အောက်ကလေးများအားငွေကြေးထောက်ပံ့ပေးနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ (၂၀) ရက်နေ့က တောင်ကြီးမြို့၊ (Royal Taunggyi Hotel) တွင်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...