တရုတ် CPI ဆောက်ပေးသည့် အောင်မြင်သာကျေးရွာ နေအိမ်များ ပျက်စီးလာ

တရုတ် CPI ဆောက်ပေးသည့် အောင်မြင်သာကျေးရွာ နေအိမ်များ ပျက်စီးလာ

မြစ်ဆုံ ရေကာ စီမံကိန်းကြောင့် အစိုးရ အောင်မြင်သာကျေးရွာ သို့ အဓမ္မ ရွှေ့ပြောင်းခံ ဒေသခံများ ၏ နေအိမ်များ ယခု (၈)နှစ် ပြည့်လာချိန် ခိုင်ခံ့မှု မရှိ ယိုယွင်း ပျက်စီးလာပြီး ပြန်လည် ပြင်ဆင်ရန် အခက်အခဲ ကြုံနေရပါသည်။

အဆိုပါ နေအိမ်များကို ရေကာတာ ဆောက်လုပ်သည့် တရုတ် အစိုးရပိုင် ရေအားလျှပ်စစ်ကုမ္မဏီ CPI (China Power Investment) မှ ၂၀၁၀ ခုနှစ်မှာ တည်ဆောက်ပေးခြင်း ဖြစ်သည်။



“ကျွန်မတို့ အိမ်ပျက်သွား တုံးက သွားပြောတော့ ပြန်ပြင်ပေးပါတယ်၊ ဒါပေမယ့် သူတို့က အလွယ် ဖြစ်သလိုဘဲ လုပ်ပေးပါတယ်၊ လုပ်ပေးတာ မကြာသေးပါဘူး၊ ခု ပြန်ပျက်လာပါပြီ၊ သူတို့ လုပ်ပေးတာ ဖောင်ဒေးရှင်းက မခိုင်တော့ အခု အပေါက်ပေါက်လာပြီ” ဟု ဒေသခံ တစ်ဦး ဖြစ်သူ ဒေါ် Dashi La Hkawn က ပြောပြသည်။



တရုတ်ကုမ္မဏီများ နေအိမ်ပြုလုပ်ပေးရာတွင် ဖောင်ဒေးရှင်းတွင်ပင် သစ်သားတုံးများ၊ ပလတ်စတစ်၊ လွှစာများ၊ ဘိလပ်မြေအိပ် အခွံများ ဖြစ်သာ ပြုလုပ်ပေးထားသည်ကို အိမ်ပြန် ပြုပြင် ပြုလုပ်ရာတွင် တွေ့ ရိခဲ့ကြောင်းလည်း သူက ပြောပါသည်။



CPI ရေအားလျှပ်စစ် ကုမ္ပဏီမှ ဆောက်လုပ်ပေးခဲ့သော နေအိမ်များသည် လှပမှု ရှိသော်လည်း ခိုင်ခံမှု မရှိကြောင်း ကျေးရွာသားများက ဆိုပါသည်။



“ဟုတ်ခဲ့ ကျမအိမ်ကလဲ လေ နည်းနည်းဘဲ တိုက်တာ ခေါင်မိုးအကုန်လှန်သွားတယ်၊ ပြန်ပြင်ပေးတာကလဲ အဲ့ဒီ လှန်သွားတာကိုဘဲ လာလုပ်ပေးသွားတယ်၊ ကောင်းကောင်း မလုပ်ပေးပါဘူ၊၊ သူတို့ လုပ်ပေးတာက မကောင်းတာပါ” ဟု အောင်မြင်သာ ရွာသား တစ်ဦးဖြစ်သူ Jan. Ja Hkawn (ဒေါ်ဂျာခေါန်) က ပြောပါသည်။



၂၀၁၅ ခုနှစ် ကတည်းက ပျက်စီးသွားသည့် နေအိမ်များကို ယခုအခါ ပြန်ပြုပြင် ပြုလုပ်ပေးကြောင်းသိရသည်။ သို့သော်လည်း နေထိုင်သည့် အိပ်ရှင်များလည်း ဆောက်လုပ်မှု ကုန်ကျငွေများ ပေးဆောင်ရကြောင်းသိရသည်။



မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် အောင်မြင်သာ ကျေးရွာ သို့ ပြောင်းရွှေ့ နေထိုင်ရသော်လည်း ရွာသားများ အားလုံးသည် မိမိတို့ဒေသကို ပြန်ပြီး ပြန်လည် လုပ်ကိုင်စားသောက်လိုကြောင်း Jan. Ja Hkawn (ဒေါ်ဂျာခေါ်န်) က ပြောပါသည်။

 

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...