တရုတ် သစ်သျှူးငှက်ပျောခြံကြောင့် ဘိန်းစိုက်ခင်း လျှော့နည်းလာ ဟု ဝန်ကြီးချုပ် ပြော

တရုတ် သစ်သျှူးငှက်ပျောခြံကြောင့် ဘိန်းစိုက်ခင်း လျှော့နည်းလာ ဟု ဝန်ကြီးချုပ် ပြော

ကချင်ပြည်နယ်အတွင်း များပြားလာသည့် သစ်သျှူးငှက်ပျော စိုက်ခင်းများလာခြင်းကြောင့် ဘိန်းစိုက်ပျိုးမှု လျော့နည်းလာကြောင်း ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ယမန်နေ့ (ဇွန် ၂၀ ရက်နေ့)မနက် ပြည်နယ်အစိုးရ၏ ဒုတိယ (၁)နှစ်သာ လုပ်ဆောင်ချက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ငှက်ပျောစိုက်လာတဲ့အတွက် ဘိန်းခင်း အလုပ်ရှင်ပဲ ပြောပါ သူတို့က အလုပ်သမား ရှာရခက်လာတယ်။ သစ်သျှူးငှက်ပျော မရှိတဲ့အခါမှာတော့ ဘိန်းခင်းဘက်မှာပဲ ဒေသခံတွေက အလုပ်အကိုင်ရရှိရေး စားသောက်နေရေးအတွက် အဲဒီဘက်မှာ သွားရောက် အလုပ်လုပ်ကြတယ်။ အခုတော့ အဲဒီဘိန်းခင်းက ဝေးလည်းဝေး၊ အန္တရယ်လည်းရှိတဲ့အတွက် မသွားကြတော့ဘူး။ ဘိန်းစိုက်တဲ့သူတွေက အလုပ်သမား ရှားလာတယ်။ ဒါက အကျိုးကျေးဇူးတစ်မျိုးပေါ့လေ။”



ယခင် ဘိန်းခင်း စိုက်ပျိုးရာ ဒေသများမှ ပြည်သူများ နှင့် ဘာသာရေးဆရာများ၏ ပြောပြလာမှုအရ သိရသည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။



သို့သော်လည်း အစိုးရအနေဖြင့် ငှက်ပျောစိုက်ပျိုးရန် တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ယနေ့ မနက် အသိအလင်း ပြောဆိုသွားခဲ့ပါသည်။



ထိုသို့ တရားမဝင် လုပ်ဆောင်နေမှုများကိုလည်း ရင်းနှီးမြုပ်နှံမှု ဥပဒေနှင့်အညီ ကော်မတီဖွဲ့ပြီး ညှိနိုင်းဆောင်ရွက်သွားမည့်အကြောင်း ဝန်ကြီးက ပြောဆိုသည်။



“မြေယာဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ဖမ်းဆီးမှုတွေ ပြုလုပ်လိုက်မယ်ဆိုရင် ဘာထိခို်က်မလဲ။ အလုပ်လက်မဲ့များလာမယ်။ ခိုး လုယက်မှု၊ မှုခင်းတွေများလာမယ်။ ဒါကြောင့် ကျနော်တို့ကော်မရှင်ဖွဲ့ပြီး သေချာ ပြည်နယ်ရဲ့ ရင်းနှီးမြုပ်နှံ မှု ဥပဒေနဲ့ အညီ တရုတ်နိုင်ငံ ကုမ္ပဏီနဲ့ ကျနော်တို့ ညှိနိုင်းပြီး သွားဖို့၊ ဆက်ပြီး မချဲ့ဖို့၊ အဲဒီအရာကို စီမံ ဆောင်ရွက်နေပါတယ်။”



သစ်သျှူးငှက်ပျောကို ဘိန်းအစားထိုးအပင်အဖြစ် ယခင် စစ်အစိုးရလက်ထက် ဝိုင်းမော်မြို့နယ် ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ် နယ်မြေ နှင့် ဦးလဆန်အောင်ဝါ ပြည်သူ့စစ်နယ်မြေများတွင် စတင် စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။



လက်ရှိ ဝိုင်းမော်မြို့နယ် တွင် တရုတ် သစ်သျှူးငှက်ပျောစိုက်ပျိုးမှု ပိုမိုများပြားလာပြီး မြေအငြင်းပွားမှုများ ဖြစ်ကာ ဒေသခံများ၏ ကန့်ကွက် ဆန္ဒထုတ်ဖော်မှုများ ရှိနေဆဲ ဖြစ်ပါသည်။



ထို့အပြင် နေရပ်စွန့်ခွာ စစ်ပြေးဒုက္ခသည်များ၏ နယ်မြေများတွင် ငှက်ပျောစိုက်ခင်း ထပ်မံ ပြုလုပ်ခြင်း မပြုရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က၏ သတိပေး ထုတ်ပြန်ချက် ကိုလည်း ယခုနှစ်ဆန်းပိုင်းတွင် တွေ့ရပါသည်။



ကချင်ပြည်နယ်တွင် ပူတာအို ခရိုင်နှင့် မိုးညှင်းခရို်င်တွင် ငှက်ပျောစိုက်ပျိုးခြင်း မရှိဘဲ တရုတ်နှင့် နီးစပ်သော မြစ်ကြီးနား ခရိုင်နှင့် ဗန်းမောခရိုင်တွင်သာ စိုက်ပျိုးကြောင်း စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး က ပြောဆိုသွားပါသည်။

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...