ဖားကန့်လမ်း နန်းယား တိုက်ပွဲတွင် မြန်မာစစ်သား (၃)ဦးကျ၊ (၆)ဦး ထိခိုက်

ဖားကန့်လမ်း နန်းယား တိုက်ပွဲတွင် မြန်မာစစ်သား (၃)ဦးကျ၊ (၆)ဦး ထိခိုက်

ဇွန် (၁၈) ရက်နေ့က ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်လမ်း နန်းယား (Nam Ya) ကျေးရွာအနီး ကချင်လွတ်လပ်ရေး တပ်မတော် KIA ၏ မိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်မှုတွင် မြန်မာစစ်သား (၃)ဦး ကျဆုံးပြီး (၆)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

အင်အား (၅၀)ခန့်ရှိ မြန်မာစစ်တပ် ခလရ (၂၉၇) စစ်ကြောင်း ကို နန်းယား (Nam Ya)လမ်း မနော်ပါ (Manaw Pa) လမ်းဆုံမှာ KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) တပ်ဖွဲ့မှ မိုင်း (၂)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းရပ်ကွက်က အတည်ပြုသည်။

KIA တပ်ရင်း (၆) ဘက်မှာ အထိအခိုက်မရှိဟု ဆိုသည်။

အချိန်တို တိုက်ပွဲတွင် နန်းယား (Nam Ya) ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့က အစိုးရတပ်ဘက်မှာ ပူးပေါင်းပါဝင်သည် ဟု KIA သတင်းရပ်ကွက်က ပြောပါသည်။

 

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...