ဖားကန့်လမ်း နန်းယား တိုက်ပွဲတွင် မြန်မာစစ်သား (၃)ဦးကျ၊ (၆)ဦး ထိခိုက်

ဖားကန့်လမ်း နန်းယား တိုက်ပွဲတွင် မြန်မာစစ်သား (၃)ဦးကျ၊ (၆)ဦး ထိခိုက်

ဇွန် (၁၈) ရက်နေ့က ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်လမ်း နန်းယား (Nam Ya) ကျေးရွာအနီး ကချင်လွတ်လပ်ရေး တပ်မတော် KIA ၏ မိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်မှုတွင် မြန်မာစစ်သား (၃)ဦး ကျဆုံးပြီး (၆)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

အင်အား (၅၀)ခန့်ရှိ မြန်မာစစ်တပ် ခလရ (၂၉၇) စစ်ကြောင်း ကို နန်းယား (Nam Ya)လမ်း မနော်ပါ (Manaw Pa) လမ်းဆုံမှာ KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) တပ်ဖွဲ့မှ မိုင်း (၂)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းရပ်ကွက်က အတည်ပြုသည်။

KIA တပ်ရင်း (၆) ဘက်မှာ အထိအခိုက်မရှိဟု ဆိုသည်။

အချိန်တို တိုက်ပွဲတွင် နန်းယား (Nam Ya) ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့က အစိုးရတပ်ဘက်မှာ ပူးပေါင်းပါဝင်သည် ဟု KIA သတင်းရပ်ကွက်က ပြောပါသည်။

 

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...