ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် တပ်မ ၆၆ မှ ဗိုလ်မှူးကြီးလှဦးအားခန့်အပ်

ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် တပ်မ ၆၆ မှ ဗိုလ်မှူးကြီးလှဦးအားခန့်အပ်
သျှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် သျှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသစ် တပ်မ ၆၆ မှ ဗိုလ်မှူးကြီးလှဦးအား ကျမ်းသစ္စာဆိုနေစဉ်
သျှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် သျှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသစ် တပ်မ ၆၆ မှ ဗိုလ်မှူးကြီးလှဦးအား ကျမ်းသစ္စာဆိုနေစဉ်

ဇွန်လ ၁၈ ရက်နေ့က ခေါ်ယူသော ရှမ်း(သျှမ်း)ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် သျှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးလှဦး အား ခန့်အပ်တာဝန်ပေးခြင်းအခမ်းအနား ပါပြုလုပ်ခဲ့ကြောင်းသိရသည်။

ဇွန်လ ၁၈ ရက်က ခေါ်ယူသော အရေးပေါ်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးရှိသည့်အနက် ၁၁၃ ဦးသာတက်ရောက်ခဲ့ပါသည်။

သျှမ်းအစိုးရအဖွဲ့ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင် မှာ တပ်မမှူးအဖြစ်ရာထူးတိုးပြီး စစ်ကိုင်းသို့ပြောင်းရွှေ့ခဲ့ရပြီး ၄င်းနေရာအား တပ်မ ၆၆ မှ ဗိုလ်မှူးကြီးလှဦးက ရောက်ရှိလာခြင်းဖြစ်သည်။

အစိုးသစ်လက်ထက်တွင် သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အပြောင်းအလဲပြုလုပ်သည်မှာ ၂ ကြိမ်ရှိပြီဖြစ်ပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...