လဲချားတွင် ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးမည်ဟုဆို

လဲချားတွင် ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးမည်ဟုဆို
(ဓါတ်ပုံ -- Sai Lang Herng LaiKha)
(ဓါတ်ပုံ -- Sai Lang Herng LaiKha)

ရှမ်း(သျှမ်း)ပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာန လွယ်လင်မြို့က လဲချားမြို့ဒေသခံများအတွက် ဒေသအမှတ်ဖြင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။

ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက် နေ့တို့တွင် လဲချားမြို့တွင်း ကွင်းဆင်းဆောင်ရွက်မည်ဖြစ်သဖြင့် မော်တော်ဆိုင်ကယ်လိုင်စင်များလာရောက်ပြုလုပ်ကြရန် ဇွန်လ ၁၃ ရက်နေ့က မြို့နယ်ထွေအုပ်က သက်ဆိုင်ရာအုပ်စု၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားစာပေးပို့ခဲ့ကြောင်းသိရသည်။

“လိုင်စင်လုပ်မယ့်မော်တော်ဆိုင်ကယ်တွေကို အမည်စာရင်းပေးဖို့ပြောနေတယ်။ မော်တော်ဆိုင်ကယ်အမျိုးအစားအလိုက် လိုင်စင်ပြုလုပ်တဲ့စျေးနှုန်းတွေက ကွာတယ်။ တရုတ်ကလာတဲ့ဆိုင်ကယ်တွေဆိုရင် လိုင်စင်ကြေးက စျေးအနိမ့်ဆုံး ၃၉၈၅၀ ကနေ စျေးအများဆုံးက ၈ သောင်းကျော်အထိ ရှိတယ်။ ဂျာမနီဆိုင်ကယ်ဆိုရင်သိန်း ၃၀၀ ကျော်တယ်။ ထိုင်းဆိုင်ကယ်ဆိုရင် စျေးအနိမ့်ဆုံးက ၂ သိန်းကနေ စျေးအမြင့်ဆုံးက သိန်း ၂၀ လောက်အထိ ရှိတယ်။ အမျိုးအစားအလိုက် စျေးအနိမ့်အမြင့်ကွာတယ်”- ဟုလဲချားဒေသခံ နန်းမီး ကပြောသည်။

လဲချားမြို့ လူငယ်များအဖွဲ့၏ အကြံပေး စိုင်းလိုင်းဟိန်း က- “သူများတွေလာလုပ်ပေးတဲ့အချိန်မှာ ကျနော်တို့သွားလုပ်သင့်တယ်လို့မြင်တယ်။ ကျနော်တို့ လိုင်စင်ရှိရင်ဘယ်သွားသွား လွတ်လွတ်လပ်လပ် သွားနိုင်တယ်ပေါ့။ အရင်တုန်းကလာလုပ်ပေးတာက ၂ နှစ်တခါ သက်တမ်းတိုးရတယ်။”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဇွန်လ ၁၁ ရက်နေ့က ကညန၊ ရဲ၊ မူးယစ်များပူးပေါင်းအဖွဲ့သည် သျှမ်းပြည်နယ်မြို့တော်တောင်ကြီး မြို့အဝင်အထွက်တွင်လည်းကောင်း လွယ်လင်မြို့အဝင်အထွက်တွင်လည်းကောင်းထို့အပြင်တာချီလိတ်မြို့ ကျိုင်းတုံမြို့များနှင့်တခြားမြို့များတွင် ကားများတားဆီးစစ်ဆေးရာ လိုင်စင်မဲ့ကားများအား ဖမ်းဆီးခဲ့သည့်သတင်းလူမှုကွန်ယက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် ဆိုင်ကယ်များလိုင်စင်ပြုလုပ်ပေးမည်ဖြစ်ကြောင်းကြေငြာချက်ထွက်ပေါ်လာခဲ့သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...