တောင်ကြီးမြို့တွင် ရင်ခွင်မဲ့မသန်စွမ်းသူ များ အတွက် ကူညီထောက်ပံ့ပွဲကျင်းပ

တောင်ကြီးမြို့တွင် ရင်ခွင်မဲ့မသန်စွမ်းသူ များ အတွက် ကူညီထောက်ပံ့ပွဲကျင်းပ
by -
ယိင်းတိုင်း
တောင်ကြီးမြို့ မြို့တော်ခန်းမတွင်ကျင်းပသော ရင်ခွင်မဲ့ နှင့် မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးတေးဂီတ နှင့် စျေးရောင်းပွဲတော်
တောင်ကြီးမြို့ မြို့တော်ခန်းမတွင်ကျင်းပသော ရင်ခွင်မဲ့ နှင့် မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးတေးဂီတ နှင့် စျေးရောင်းပွဲတော်

ရင်ခွင်မဲ့နှင့် မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးအဖွဲ့ တောင်ကြီးမြို့နယ် အနေဖြင့် ရှမ်း(သျှမ်း)ပြည်နယ် တွင်စတင်လှုပ်ရှား ဆောင်ရွက်သည့်ကူညီ ထောက်ပ့ံရေးတေးဂီတ နှင့် စျေးရောင်းပွဲတော်ကို မြို့တော် ခန်းမတွင် ဇွန်လ (၁၄) ရက်နေ့က ကျင်း ပခဲ့သည် ။

သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် မသန်စွမ်းအသင်းအဖွဲ့ (၄) ဖွဲ့ ရှိပြီး သျှမ်းပြည်နယ် တောင်ပိုင်း တစ်ခုလုံး တွင် လူဦးရေ အနေဖြင့် (၂၄၀၃ ) ဦးရှိကြောင်း ၊ ရင်ခွင်မဲ့ များထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာ တောင်ကြီး မြို့တွင် (၈)ခုရှိပြီး သျှမ်းပြည်နယ်တောင်ပိုင်း တစ်ခုလုံးတွင် (၂၃) ခု ၊ လူဦးရေ အားဖြင့် (၂၂၀)ဦး အထိ ရှိသည် ဟု သျှမ်းပြည်နယ် မသန်စွမ် းကော်မတီ ဥက္ကဌ အဖြစ်တာဝန်ယူထားသူ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် ကပြောသည်။

” အရင်က မိဘမဲ့ လို့သုံးနှုန်းခဲ့ပေမဲ့ ယခုအခါမှာတော့ ရင်ခွင်မဲ့ လို့ခေါ်ဝေါ်သုံးစွဲထားပါတယ် ၊ ကျနော်တို့ဟာ ရင်ခွင်မဲ့ နဲ့ မသန်စွမ်း သူများကို သနားဖို့မလိုပဲ စာနာတတ်ဖို့ပဲလိုပါတယ် ” ဟု ၄င်းကပြောသည်။

ရင်ခွင်မဲ့ နှင့်မသန်စွမ်း ကူညီထောက်ပံ့ရေးအဖွဲ့ ဂီတဖျော်ဖြေပွဲနှင့် စျေးရောင်းပွဲတော် ကို ဇွန်လ ၁၃ ရက်မှ ၁၇ ရက်နေ့ အထိ ၄ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်ဟုသိရှိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...