နှစ်နိုင်ငံ နယ်လုံ အရာရှိများ မတွေ့ဆုံမီ မုန်းကိုး စျေးတန်းကြီး မီးလောင်

နှစ်နိုင်ငံ နယ်လုံ အရာရှိများ မတွေ့ဆုံမီ မုန်းကိုး စျေးတန်းကြီး မီးလောင်

ယခုအပတ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ရေးရာ လုံခြုံရေး အရာရှိများ မတွေ့ဆုံမီ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးမြို့ စျေးတန်းကြီး ဇွန်လ ၆ ရက်နေ့ ည ၁၁ နာရီ ခန့်က မီးလောင် ပျက်စီးခဲ့သည်။

ယူနန်ပြည်နယ် ကူမင်းမြို့မှ တရုတ် နယ်စပ်ရေးရာ လုံခြုံရေးအရာရှိ နှင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ မြန်မာနယ်စပ်ရေးရာ လုံခြုံရေးအရာရှိ တို့ မန်ဟိုင်း-မုန်းကိုး နယ်စပ်တွင် တွေ့ဆုံရန် ရှိသောကြောင့် ဇွန် ၆ ရက်နေ့ ညနေပိုင်းမှ တရုတ်နယ်စပ်ဘက် လုံခြုံရေးတင်းကြပ်လာသည်။

စျေးဆိုင် တိုက်တန်းများ မီးလောင်မှုကြောင့် စျေးဆိုင်နှင့် စတိုးဆိုင်များ အားလုံးနီးပါး ပျက်စီးခဲ့ရကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောသည်။

ယခုလို ညနက်ပိုင်း ထူးထူးခြားခြား မီးလောင်ရခြင်း အကြောင်းရင်း မသိရသေး သော်လည်း ဒေသခံများက ဒေသပြည်သူ့စစ်အဖွဲ့များ ပေါ် သံသယ ရှိနေကြသည်။

ပြည်သူ့စစ် အဖွဲ့အတွင်းနှင့် အဖွဲ့များကြား ဒေသတွင်းစီးပွားရေး အခွင့်အလမ်း ပြိုင်ဆိုင်လုယု လေ့ရှိသာကြောင့် ယမန်နှစ်ကလည်း အဖွဲ့ တစ်ဖွဲ့မှ မုန်းကိုး စျေးတန်းဟောင်းကို မီးရှုရန် လျှို့ဝှက် ကြံစဉ်မှုအား လူထုမှ တားဆီး ခဲ့ဖူးကြောင်း ဒေသခံ တစ်ဦး ပြောပါသည်။

ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) မုန်းကိုးဒေသတွင် မြန်မာအစိုးရ သစ္စာခံ ပြည်သူ့စစ်အဖွဲ့အစည်း (၅)ဖွဲ့ကျော် ရှိပြီး တရားဝင်က ကွတ်ခိုင်ပြည်သူ့စစ် အဖွဲ့ နှင့် မုန်းကိုး ပြည်သူ့စစ်အဖွဲ့ တို့ဖြစ်သည်။

June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...