ကျောက်မဲဒေသခံများ၏ လယ်ယာမြေတွင် စစ်တပ်မှ ခြံခတ်ပျိုးကြဲမှု ဒေသခံများ အလိုမရှိ

ကျောက်မဲဒေသခံများ၏ လယ်ယာမြေတွင် စစ်တပ်မှ ခြံခတ်ပျိုးကြဲမှု ဒေသခံများ အလိုမရှိ
by -
နန်းဆိုင်နွမ်
စစ်တပ်မှ ခြံစည်းရိုးခတ်သည့် နေရာတွင် ကျောက်မဲကြီး ကျေးရွာမှ ဒေသခံများ ဆုတောာင်းမေတ္တာပို့သ
စစ်တပ်မှ ခြံစည်းရိုးခတ်သည့် နေရာတွင် ကျောက်မဲကြီး ကျေးရွာမှ ဒေသခံများ ဆုတောာင်းမေတ္တာပို့သ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်မဲကြီး ကျေးရွာအတွင်း တောင်သူ လယ်ယာမြေများ တွင် ကျောက်မဲအခြေစိုက် ခမရ ၅၀၁ မှ တပ်ပိုင်မြေဟုဆိုကာ ခြံစည်းရိုးခတ်သည့်အပေါ်တပ်နှင့် တောင် သူကြား မြေယာ အငြင်းပွားမှုများဖြစ်ပွားနေသည် ဟု သတင်းရရှိသည်။

ဇွန်လ ၅ ရက်နေ့က အဆိုပါ စစ်တပ်မှ ခြံစည်းရိုးခတ်သည့် နေရာတွင် ကျောက်မဲကြီး ကျေးရွာမှ ဒေသခံများ နှစ်စဉ် တောင်ယာ စိုက်ပျိုးမှု ပြုလုပ်ခဲ့သည့်နေရာ ဖြစ်ပြီး၊ ယမန်နေ့ မှစပြီး စစ်တပ်မှ လာရောက်ပျိုးကြဲကြောင်းလည်း ကျောက်မဲကြီး ကျေးရွာမှ ဒေါ်အဲနော် က ပြောပြသည်။

“ အဲ့နေရာက ကျမတို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာတဲ့နေရာ။ မနှစ်ကထိ ကျမတို့ စိုက်ပျိုးတာတွေ လုပ်တယ်။ မနေ့က တပ်က အဲ့နေရာကို ပျိုးလာကြဲလို့ ကျမတို့တောင်သူတွေ ဆုတောင်းပွဲ လုပ်တယ်။ အမွှေးတိုင်၊ ဖယောင်တိုင်းထွန်း အဓိဌာန် ဝင်ကြတယ်” ဟု ဒေါ်အဲနော် က ဆိုသည်။

ထို့အပြင် ၂၀၁၇ ခုနစ်တွင် တောင်သူ ၁၂ ဦးကို တပ်ပိုင်နယ်မြေ ကျူးကျော်မှုဖြင့် တပ်မှ တရားစွဲဆိုခဲ့ပြီး၊ တောင်သူများ ကျူးကျော်မှု မြောက်သည်ဟု ငွေဒဏ် ၃ သောင်းပေးခဲ့ရကြောင်းလည်း ဒေါ်အဲနော် က ထပ်မံပြောသည်။

ခြေမြန်တပ်ရင်း ၅၀၁ သည် ရှမ်း(သျှမ်း)ပြည်နယ်မြောက်ပိုင်းသို့ ၁၉၉၂ ခုနှစ်တွင် စတင်တပ်လာချပြီး၊ အဆောက်အဦးများ ဆောက်လုပ်ကာ ၂၀၀၀ ခုနှစ်တွင် တပ်လယ်ယာမြေ စိုက်ပျိုးမြေ ယူခဲ့ကြောင်း၊ တောင်သူလယ်သမားများ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်သည့်နေရာကို ၂၀၁၄ ခုနစ်တွင် ရဲမေ စိုက်ကွက်ဆိုပြီး အမှတ်စဉ်လာစိုက်ထူကြကြောင်းလည်း ဒေါ်အဲနော် က ပြောပြသည်။

“ တပ်ရင်း သက်သာချောင်ချိရေး ဆိုပြီး စိုက်ကြတယ်။ သူတို့မှာလည်း မြေလွှတ်တွေများတယ်။ မစိုက်ကြဘူး။ ကျမတို့ တောင်သူတွေ မြေသြဇာနိုင်နိုင် လုပ်ထားတဲ့ မြေကွက်မှ သူတို့ လာစိုက်ကြတယ်” ဟု ဒေါ်အဲနော် က ဆိုသည်။

ဆက်လက်ပြီး ဒေါ်အဲနော် က “ အဲ့လယ်ပေါ်မှာ ကျမတို့ နှစ်စဉ် စိုက်တယ်။ ဒီ နှစ်မှ သူတို့ တပ်ရင်းပြောင်းလာပြီး ကျမတို့ ဒေသခံတွေကို အနိုင်ကျင့်တယ်။ တပ်နယ်မြေ လာလုပ်ရဲရင် လုပ်ကြည့် ဖောက်ကွဲမယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဒေါ်အဲနော် က ထပ်လောင်းပြောပြသည်။

တောင်သူပိုင်သည့် တောင်ယာမြေနှင့် စစ်တပ်မြေ သည် စနစ်တကျ ပိုင်းခြားထားခြင်မရှိကြောင်း၊ လယ်ယာမြေ ကိစ္စ စစ်ဆေးရန် စစ်တပ်နှင့် ညှိရန် အတွက် တိုင်းခွင့်ပြု လိုကြောင်း ကျောက်မဲမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် ကပြောသည်။

“ စစ်တပ်လာမထောင် ကတည်းက သိမ်းခဲ့တဲ့ ဧရိယာ ဆိုတာ မှန်တယ်။တောင်သူတွေ နှစ်စဉ်စိုက်ပျိုးတဲ့ လယ်ယာမြေဆိုတာလည်း မှန်တယ်။ အဲ့ဒါမကဘူး တပ်မိသားစု သက်သာချောင်ချိရေးဆိုပြီး ဆက်သိမ်းထား တာလည်း ရှိတယ်။ အဲ့လို သိမ်းတာ ဘယ်ထိရောက်မှန်းမသိဘူး” ဟု စိုင်းထွန်းဉာဏ် က ဆိုသည်။

၂၀၁၄ခုနစ်မှာ တပ်က မြေယာတွေ စွန့်လွှတ်ခဲ့တာ သော်လည်း တပ်မှ မည်မျှ စွန့်လွှတ်ပြီး၊ စွန့်လွှတ်ခဲ့သည့်နေရာ က မည်သည်နေရာ ဖြစ်သည်ကိုလည်း တောင်သူနှင့် လွှတ်တော် ကိုယ်စားလှယ်များ မသိရှိပေ။

“ရွာသားတွေက နှစ်စဉ် အဲ့နေရာ စိုက်နေတာ။ ဒီနှစ် ရွာသားတွေ စိုက်တဲ့နေရာကို စစ်တပ်က သူတို့ဧရိယာ ဆိုပြီး ငုတ်တိုင်တွေ လာစိုက်တယ်” ဟု စိုင်းထွန်းဉာဏ်က ပြောသည်။

လက်ရှိ အချိန်ထိ ကျောက်မဲမြို့နယ် ကျောက်မဲကြီး ကျေးရွာ ခမရ (၅၀၁) နှင့်ဒေသခံတို့ ဖြစ်ပွားနေသည့် မြေအငြင်းပွားမှုကို ကွင်းဆင်းစစ်ဆေးဖို့ မစနိုင်သေးကြောင်း လည်း စိုင်းထွန်းဉာဏ်က ပြောပြသည်။

လက်ရှိတွင် ရှမ်း(သျှမ်း)ပြည်နယ်အတွင်း တပ်မှသိမ်းဆည်းထားသောလယ်ယာမြေ ဧက ၄ သိန်းအနက် ဧက ၂ သိန်းအား ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဆောင်ရွက်သွားမည်ဟု မေလ (၂၅) ရက်နေ့က သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက်ဒုတိယ တစ်နှစ်တာပြုပြင်ပြောင်း လဲရေးဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ သတင်းမီဒီယာများအား အသိပေးရှင်းလင်းခြင်းအခမ်းအနားတွင် ညွှန်ကြား ရေးမှူး ဦးသိန်းဦး က ပြောခဲ့သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...