ရှမ်းမြောက် စစ်ရှောင်များ အသက်မွေးဝမ်းကျောင်းပညာရပ်သင်ကြားပေးရန် ရှမ်းပြည်နယ်အစိုးရစီစဉ်

ရှမ်းမြောက် စစ်ရှောင်များ အသက်မွေးဝမ်းကျောင်းပညာရပ်သင်ကြားပေးရန် ရှမ်းပြည်နယ်အစိုးရစီစဉ်
by -
ယိင်းတိုင်း
ယမန်နှစ်က သျှမ်းပြည်မြောက်ပိုင်းက စစ်ဘေးရှောင်တချို့
ယမန်နှစ်က သျှမ်းပြည်မြောက်ပိုင်းက စစ်ဘေးရှောင်တချို့

ရှမ်းပြည်နယ်မြောက်ပိုင်းရှိစစ်ဘေးရှောင်များအားပြန်လည်ထူထောင်ရေး ကိစ္စနှင့် ပတ်သက်၍ ပညာရေးတစ်ပိုင်းတစ်စဖြစ်ခဲ့သော လူငယ်မျာအား ရှမ်း(သျှမ်း)ပြည်နယ်အစိုးရအဖွဲ့အနေနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်သင် ကြားပေးနိုင် ရန်စီ စဉ်ဆောင်ရွက်နေကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်ကပြော သည်။

ကျောက်မဲခရိုင် ၊ မူဆယ်ခရိုင် ၊ လောက်ကိုင်ခရိုင် စသည့် ခရိုင် (၃) ခရိုင်မှ စစ်ဘေးရှောင်အိမ်ထောင်စု ပေါင်း (၁၅၀၀) ကျော်ရှိပြီး ကျား(၃၈၅၉) ဦး ၊ မ (၄၁၁၁) ဦး ရှိကာ စုစုပေါင်း (၇၉၇၀) ဦးရှိ ကြောင်း သျှမ်းပြည်နယ် အစိုးရ က ပြောသည်။

၄င်းတို့အတွင်းရှိ ပညာဆက်လက်သင်ကြားရန်အခွင့်အလမ်းမရှိသော ကလေးလူငယ်များအား အသက်မွေးဝမ်းကျောင်း ပညာရပ်သင်ကြားပေးနိုင်ရန် သျှမ်းပြည်နယ်အစိုးရအဖွဲ့မှယခုနှစ်(၂၀၁၈ခုနှစ်) အတွင်း ကောင်အထည်ဖော်နိုင်ရန်စီစဉ် ဆောင်ရွက်လျက်ရှိ ကြောင်း ဆိုပါသည်။

“ ဘယ်လိုသင်တန်းကျောင်းတွေလဲဆိုရင် ကျောက်မဲနဲ့တောင်ကြီးမှာ ကျနော်တို့ရက်ကန်း သင်တန်းကျောင်း ရှိပါတယ် ။ ရက်ကန်းသင်တန်း ကျောင်းကတော့ မိန်းခလေးတွေအတွက်အထူးသင့်လျော်တယ် ၊ တစ်နှစ် သင်တန်းရှိတယ်။ ခြောက်လသင်တန်းရှိတယ် ၊ အဲ့ဒီသင်တန်းကျောင်းကပြီး တာနဲ့အလုပ်ကိုင် အခွင့် အလမ်း က ရက်ကန်းရုံကနေပြီး လာရောက်ချိတ်ဆက် တဲ့အတွက် သင်တန်းကျောင်းဆင်းတာနဲ့ တန်းအလုပ်ဝင်ရ ပါတယ် ” ဟု ၀န်ကြီးဦးစိုးညွှန့်လွင်ကပြောသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်း ၊ အသေးစားလူသုံးကုန် ၊ စားသောက်ကုန် ထုတ်လုပ်သောသင်တန်းများ ၊ ယောကျ်ားလေးများအတွက် တစ်လုံးထိုးအင် ဂျင်ပြင်သင် တန်း ၊ မော်တော်ဆိုင်ကယ်ပြင်သင်တန်း ၊ မိုဘိုင်းဖုန်းပြင်သင် တန်း ၊ သင်တန်း (၅) မျိုးအား တစ်နှစ်ပတ်လုံး တွင်အနည်းဆုံး (၅) ကြိမ် ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါသင်တန်းကျောင်းသည် သင်တန်းမှ ဆင်းလျှင် ဆင်းချင်းအလုပ်အ ကိုင်အခွင့်အလမ်း ရရှိနိုင်သော အသက်မွေး ၀မ်းကျောင်း ပညာဖြစ်ပြီးပြီး သင်တန်းကျောင်းများတက်ရောက်နိုင်ရန် သက်ဆိုင်ရာအထွေထွေ အပ်ချုပ်ရေးဦးစီးဌာန နှင့် ရက်ကန်းသင်တန်းကျောင်းများကို အကြောင်း ကြားထားပြီးဖြစ်ကာလက်ရှိတွင် လားရှိုးဒုပြည်နယ်မှူးမှခေါ်ယူစုဆောင်း ထားပေးလျှက်ရှိကြောင်း ဆက်လက်သိရသည် ။ သင်တန်းကျောင်းများတွင် စားစရိတ်နေစရိတ်များစရိတ်ငြိမ်း ဖြစ်ကာ တစ်သုတ်ကို လူဦးရေ(၃၀) ၀န်းကျင်ခန့်ခေါ်ယူသင်ကြားပေးနိုင်ရန် စီစဉ်ထား ရှိကြောင်းသိရှိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...