အဆင့်မြင့် အိမ်ယာစီမံကိန်း သက်တမ်းရှည်ကြာသစ်တောမြေပါသဖြင့် သျှမ်းပြည်နယ်အစိုးရခွင့်မပြုဟုဆို

အဆင့်မြင့် အိမ်ယာစီမံကိန်း သက်တမ်းရှည်ကြာသစ်တောမြေပါသဖြင့် သျှမ်းပြည်နယ်အစိုးရခွင့်မပြုဟုဆို
by -
ယိင်းတိုင်း
တောင်ကြီမြို့ ပန်းချယ်ရီအဆင့်မြင့် အိမ်ယာစီမံကိန်းအား ဒေသခံလူထုမှ ဆန့်ကျင်ကန့်ကွက်
တောင်ကြီမြို့ ပန်းချယ်ရီအဆင့်မြင့် အိမ်ယာစီမံကိန်းအား ဒေသခံလူထုမှ ဆန့်ကျင်ကန့်ကွက်

တောင်ကြီမြို့ပြင် (၂) မိုင်တွင် ပန်းချယ်ရီအဆင့်မြင့် အိမ်ယာစီမံကိန်းအတွက်ခြံစည်းရိုးခတ်ရာတွင် နှစ်ပေါင်း ၃၀ ခန့်အကြာ ထိန်းသိမ်းထားသော ထင်းရှူးတောများ ပါ၀င်နေသည့်အတွက် ရှမ်း(သျှမ်း)ပြည်နယ်အစိုးရက ဆောက်ခွင့်မပြုဟု ပြောဆိုလိုက်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်အား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာ – ပန်းချယ်ရီအိမ်ရာစီမံကိန်းသည်ယခင် အစိုးရလက်ထက်နှင့် အစိုးရအသစ် အကူးအပြောင်း ကာလတွင် (MOU) ထိုးထားသည့် စာချုပ်ဖြစ်ပြီး ၊ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ(၁၄) ရက်နေ့တွင် သဘောတူစာချုပ်ချုပ်ဆိုခဲ့သော်လည်း သစ်တောဧရိယာများ ပါ၀င် နေသောကြောင့် အစိုးရသစ်လက်ထက်တွင် ခေါ်ယူညှိနှိုင်းမှုများပြုလုပ်ခဲ့ဖူးကြောင်း- ပြောသည် ။

“သစ်တော ဧရိယာတွေမှာ အဆောက်အဦး ဆောက်လုပ် ခွင့်မပေးနိုင်ဘူး ဆိုပြီး ကျနော်တို့ ဒေသန္တရစီမံကိန်း ကော်မတီကနေ ခေါ်ယူဆွေးနွေးညှိ နှိုင်းထားပြီးဖြစ်ပါတယ် ။ ဒီသစ်တောကိုတော ့ကျနော်တို့အပျက်စီးမခံနိုင် ဘူးပေါ့ ၊အိမ်ယာစီမံကိန်းကလည်း အရေးကြီးသလို သစ်တောကလည်း အရေးကြီးတယ်။ သစ်တောရှိတဲ့မြေ နေရာတွေကိုတော့ အဆောက်အဦး ဆောက်လုပ်ခွင့် မပေးဘူး ” ဟု ၀န်ကြီး ဦးစိုးညွှန့်လွင်က ဆက်လက်ပြော သည် ။

ယင်းစီမံကိန်းကို သျှမ်းပြည်နယ် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ကော်မတီနှင့်မောသျှမ်းဖွံ့ ဖြိုးတိုးတက်ရေး (အများနှင့်သက်ဆိုင် သော ကုမ္ပဏီလီမိတက်) မှ တောင်ကြီးမြို့တွင် ပန်းချယ်ရီအဆင့်မြင့် အိမ် ယာစီမံ ကိန်းတည်ဆောက်ရေး လုပ်ငန်းအတွက် အကျိုးတူပူးပေါင်း ဆောင်ရွက် ခြင်းဖြစ်ပြီး စီမံကိန်းဧရိယာအား ခြံစည်းရိုးကာရုံခြင်းလုပ်ငန်းကို ၂၀၁၈ ၊ မေလ (၂၂) ရက်နေ့တွင်စတင် ဆောင်ရွက်ခဲ့ကြောင်းသိရသည် ။

အဆိုပါစီမံကိန်းအား ဒေသခံလူထုမှလည်း ဆန့်ကျင်ကန့်ကွက်မှုမှုအနေဖြင့် သစ်ပင်သစ်တောစိုက်ပျိုးရေးအတွက်တိုက်တွန်းနိုးဆော်သည့် ဆိုင်းဘုတ်များထူခဲ့ကြကြောင်း သိရသည်။

“ ကျနော်တို့ကန့်ကွက်ရတာက ဒီထင်းရှူးတောကြီး မပျက်စီးဖို့ တောင်ကြီးမြို့အနီးတစ်ဝိုက်မှာက လာမယ့်အချိန်ကာလတွေအတွက် ရာသီဥတု ပူပြင်းမှု ၊ ခြောက်သွေ့မှု ၊ ရေခန်းခြောက်မှုတွေ ဖြစ်ပေါ်လာနိုင် တဲ့အတွက် တောင်ကြီးမြို့နဲ့ အနီးတစ်ဝိုက် (၁၁) မြို့နယ်ပူးပေါင်းပြီး ထိန်းသိမ်းတဲ့ သဘောပါ ” ဟု တောင်ကြီးမြို့ဒေသခံ ကိုအောင်မင်း ကပြောသည် ။

မောသျှမ်းဖွံ့ ဖြိုးတိုးတက်ရေး (အများနှင့်သက်ဆိုင် သော ကုမ္ပဏီ ) သည် သျှမ်းပြည်နယ်အစိုးရနှင့် အကျိုးတူလုပ်ငန်း အဖြစ်ဆောင်ရွက်ခြင်းဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု ပမာဏ မှာ ကျပ်သန်းပေါင်း (၉၅၀၀) ၊ တည်ဆောက်ရေးကာ လမှာ (၃) နှစ်ဖြစ်ပြီး ၊ အသုံးပြုမည့် ဧရိယာ လမ်းဧရိယာမှာ ၁၉.၂၁ ဧက ၊ အများပြည်သူအသုံး ပြုမည့် ဧရိယာ မှာ ၁၁. ၄၄ ရိယာ ၊ အဆောက်အဦး ဧရိယာမှာ ၄၄.၃၅ ဧကရှိ ပြီး စုစုပေါင်း (၇၅) ဧကရှိကြောင်း စာချုပ်ပါ အချက်အလက်များအရ သိရှိရပါသည် ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...