ရှမ်းပြည်နယ် ဝန်ကြီး ၃ ဦး နိုင်ငံခြားခရီးစဉ် သမ္မတရုံးပိတ်ပင်

ရှမ်းပြည်နယ် ဝန်ကြီး ၃ ဦး နိုင်ငံခြားခရီးစဉ် သမ္မတရုံးပိတ်ပင်
by -
ယိင်းတိုင်း

အင်ဒိုနီးရှားနိုင်ငံသို့သွားရောက်မည့် ရှမ်း(သျှမ်း)ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး (၃) ဦး အားညွှန်ကြားချက်နှင့် ကိုက်ညီမှုမရှိဟုဆိုကာ နိုင်ငံတော်သမ္မတရုံးမှ ခွင့်မပြုသည့် အကြောင်းကြားစာကို ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ဘေးကင်းစိတ်ချရသော အစားအသောက်ကိစ္စနှင့် ပတ်သက်၍ လေ့လာရေးခရီး သွားရောက်ရန်အတွက် ဇွန် လ ၃ ရက်နေ့မှ ၈ ရက်နေ့ အထိ အင်ဒိုနီးရှားနိုင်ငံသို့သွားရောက်ခွင့်ပြုရန်တင်ပြခြင်းအပေါ် နိုင်ငံတော် သမ္မတ ရုံး၏ ညွှန်ကြားချက်နှင့် ကိုက်ညီ မှုမရှိသောကြောင့် ခွင့်မပြုကြောင်း ထုတ်ပြန်ထားသည်ဟု ထုတ်ပြန်စာ အရ သိရသည် ။

အဆိုပါ ကိစ္စ နှင့်ပတ်သက်၍ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗာလ အား သျှမ်းသံတော်ဆင့် မှဆက်သွယ်မေးမြန်းရာ ” ဒီကတင်လိုက်တာထင်တယ် အဲ့တာကို သူက ညွှန်ကြားချက်နဲ့ ကိုက်ညီမှု မရှိဆိုပြီး သမ္မတရုံးကသွားခွင့်မပြုတော့ဘူး ။ ထွေထွေထူးထူး ဘာမှတော့ပြောဖို့မရှိပါဘူး ၊ ကျနော်တို့က နိုင်ငံတော်ရဲ့ ဝန်ထမ်းဖြစ်တယ်လေ ၊ နောက်ပြီး ဒီကအစိုးရအဖွဲ့ဝင်ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတရုံးကညွှန်ကြားတဲ့အ တိုင်းပဲပေါ့ ” – ဟု ၄င်းကပြန်လည် ဖြေကြားသည်။

ယင်းခရီးစဉ်တွင် အာခါ ၊ လားဟူ ၊ လီဆူ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး (၃) ဦးအပါအဝင် အဖွဲ့ဝင်(၉) ဦးအား နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားချက်နှင့် ကိုက်ညီမှု မရှိ သဖြင့် ခွင့်မပြုကြောင်း အကြောင်းကြား စာအား သျှမ်းပြည်နယ်အစိုးရအဖွဲ့မှတဆင့် ညွန်ကြားခဲ့ကြောင်း သိရှိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...