Published
Wednesday, June 06, 2018
ရှမ်းအစိုးရ ဝန်ကြီးတစ်ဦးအပြောင်းအလဲပြုလုပ်
ဇွန်လ (၅)ရက်နေ့တွင် ရှမ်း(သျှမ်း)ပြည်နယ် ဝန်ကြီးတစ်ဦး အပြောင်းအလဲ ပြု ခဲ့ကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့် ရှိသူ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်ထံ မှ သိရသည်။
” ဒီနေ့ပဲ သျှမ်းအစိုးရအဖွဲ့ က လုံခြုံ ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင် က တပ်မမှူးအဖြစ်ရာထူးတိုးပြီး စစ်ကိုင်းကို ပြောင်းမယ် ၊ သူ့နေရာရောက်လာမယ့် သူကိုတော့ အတိအကျ မသိသေးဘူးဟု ” ၄င်းကပြောသည် ။
အစိုးသစ်လက်ထက်တွင် သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြံု ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အပြောင်းအလဲ (၂) ကြိမ်ခန့် ပြုလုပ်ပြီးဖြစ်သည်။







