နမ္မတီး ကချင်အမျိုးသား ၂ဦး ပျောက်ဆုံးနေခြင်း တစ်လ ကျော်လာ

နမ္မတီး ကချင်အမျိုးသား ၂ဦး ပျောက်ဆုံးနေခြင်း တစ်လ ကျော်လာ

ကချင်ပြည်နယ် နမ္မတီးမြို့၊ ညောင်တောကျေးရွာသား ၂ ဦး ပျောက်ဆုံးနေမှု တစ်လကျော်လာသော်လည်း သတင်းအစအန မရတော့သဖြင့် စိတ်ပူပန်ကြောင်း မိသားစုဝင်များပြောပါသည်။

အသက် (၃၆)နှစ် ဦး Nhkang La နှင့် အသက် (၅၇)နှစ် ဦး Nhkum Brang Li တို့ နှစ်ယောက် သည် လယ်တောသွားရာမှ မေ (၄) ရက်နေ့ မိသားစုနှင့် အဆက်အသွယ် ပျက်သွားသည်မှာ တစ်လ ပြည့်ပြီ ဖြစ်သဖြင့် အမြန်ပြန်တွေ့လိုကြောင်း ဦး Nhkang La ၏ အစ်မ ဒေါ် ချယ်ရီက ယခုလို ပြောသည်။

“မေလ ၄ ရက်နေ့ မနက်ပိုင်းမှာဘဲ ဖုန်းအဆက်အသွယ်ရတယ်။ နေ့ခင်းကျတော့ အဆက်အသွယ် မရတော့ဘူး။” 

ထိုသို့ နေ့လည်ခင်းပိုင်းမှ အဆက်အသွယ်ပြတ်သွားပြီးနောက် ညနေပိုင်းတွင် ‘ဗမာ’ စကားပြောသော လူတစ်ခုမှ ဦး Nhkum Brang Li မိသားစုထံ ဖုန်းပြန်ခေါ်လာပြီး ဖုန်းပိတ်လိုက်ရာမှ ယနေ့ထိ သတင်း မကြားရတော့ကြောင်း ပြောပြပါသည်။

ညောင်တော ကျေးရွာသား ၂ ဦး ပျောက်ဆုံးသောနေရာသည် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၁၁)ကို ထိုးစစ်ဆင်ခဲ့စဉ် မြန်မာအစိုးရတပ် ၏ စစ်အင်အားစုယူသည့် နေရာဖြစ်သည်ဟု ဒေသခံများ ဆိုပါသည်။

ထို့ကြောင့် မိသားစုဝင်များသည် ၄င်းတို့ ၂ ဦး အသက်ရှင်သည်ဖြစ်စေ၊ အသတ်ခံရသည်ဖြစ်စေ သတင်းအပြည့်အစုံကို သိရှိလိုကြောင်း ပြောပါသည်။

မြန်မာအစိုးရတပ်၏ ဧပြီလ ထိုးစစ်ဆင်တိုက်မှုကြောင့် KIA တပ်ရင်း (၁၁) နယ်မြေ Kasung (ကဆုန်) နှင့် Zup Mai Yang (ဇွပ်မိုင်ယန်) ကျေးရွာသားများသည် နမ္မတီး Lambraw Yang (လမ်းခွ) ခရစ်ယာန်ဘ ဘုရားကျောင်းများတွင် စစ်ရှောင်အဖြစ် ယခုချိန်ထိ ခို်လှုံနေဆဲဖြစ်သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...