နမ္မတီး ကချင်အမျိုးသား ၂ဦး ပျောက်ဆုံးနေခြင်း တစ်လ ကျော်လာ

နမ္မတီး ကချင်အမျိုးသား ၂ဦး ပျောက်ဆုံးနေခြင်း တစ်လ ကျော်လာ

ကချင်ပြည်နယ် နမ္မတီးမြို့၊ ညောင်တောကျေးရွာသား ၂ ဦး ပျောက်ဆုံးနေမှု တစ်လကျော်လာသော်လည်း သတင်းအစအန မရတော့သဖြင့် စိတ်ပူပန်ကြောင်း မိသားစုဝင်များပြောပါသည်။

အသက် (၃၆)နှစ် ဦး Nhkang La နှင့် အသက် (၅၇)နှစ် ဦး Nhkum Brang Li တို့ နှစ်ယောက် သည် လယ်တောသွားရာမှ မေ (၄) ရက်နေ့ မိသားစုနှင့် အဆက်အသွယ် ပျက်သွားသည်မှာ တစ်လ ပြည့်ပြီ ဖြစ်သဖြင့် အမြန်ပြန်တွေ့လိုကြောင်း ဦး Nhkang La ၏ အစ်မ ဒေါ် ချယ်ရီက ယခုလို ပြောသည်။

“မေလ ၄ ရက်နေ့ မနက်ပိုင်းမှာဘဲ ဖုန်းအဆက်အသွယ်ရတယ်။ နေ့ခင်းကျတော့ အဆက်အသွယ် မရတော့ဘူး။” 

ထိုသို့ နေ့လည်ခင်းပိုင်းမှ အဆက်အသွယ်ပြတ်သွားပြီးနောက် ညနေပိုင်းတွင် ‘ဗမာ’ စကားပြောသော လူတစ်ခုမှ ဦး Nhkum Brang Li မိသားစုထံ ဖုန်းပြန်ခေါ်လာပြီး ဖုန်းပိတ်လိုက်ရာမှ ယနေ့ထိ သတင်း မကြားရတော့ကြောင်း ပြောပြပါသည်။

ညောင်တော ကျေးရွာသား ၂ ဦး ပျောက်ဆုံးသောနေရာသည် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၁၁)ကို ထိုးစစ်ဆင်ခဲ့စဉ် မြန်မာအစိုးရတပ် ၏ စစ်အင်အားစုယူသည့် နေရာဖြစ်သည်ဟု ဒေသခံများ ဆိုပါသည်။

ထို့ကြောင့် မိသားစုဝင်များသည် ၄င်းတို့ ၂ ဦး အသက်ရှင်သည်ဖြစ်စေ၊ အသတ်ခံရသည်ဖြစ်စေ သတင်းအပြည့်အစုံကို သိရှိလိုကြောင်း ပြောပါသည်။

မြန်မာအစိုးရတပ်၏ ဧပြီလ ထိုးစစ်ဆင်တိုက်မှုကြောင့် KIA တပ်ရင်း (၁၁) နယ်မြေ Kasung (ကဆုန်) နှင့် Zup Mai Yang (ဇွပ်မိုင်ယန်) ကျေးရွာသားများသည် နမ္မတီး Lambraw Yang (လမ်းခွ) ခရစ်ယာန်ဘ ဘုရားကျောင်းများတွင် စစ်ရှောင်အဖြစ် ယခုချိန်ထိ ခို်လှုံနေဆဲဖြစ်သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...