KIO ဗဟိုဌာနချုပ်ဘက် ကို မြန်မာအစိုးရတပ် အင်အား တိုးချဲ့ ဖြည့်တင်း လာ

KIO ဗဟိုဌာနချုပ်ဘက် ကို မြန်မာအစိုးရတပ် အင်အား တိုးချဲ့ ဖြည့်တင်း လာ

ကချင်ပြည်နယ် အနောက်ဘက်နှင့် မြောက်ဘက်မှာ စစ်ဆင်ရေးကြီး ရပ်နေချိန် တရုတ်ပြည်နယ်စပ်အနီး ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟို ဌာနချုပ် နယ်မြေဘက်ကို မြန်မာအစိုးရတပ် အင်အား ဖြည့်တင်းနေကြောင်း KIO က ဆိုသည်။

ကချင်ပြည်နယ် အရှေ့ဘက် KIO ၏ ဗဟိုဌာနချုပ်များဖြစ်ကြသော Laiza (လိုင်ဇာမြို့)၊ Mai Ja Yang (မိုင်ဂျာယန်မြို့)၊ Laisin Bum (လိုင်စင်ဘွမ်)၊ Hpalap Bum (ဖလပ်ဘွမ်) များဘက်ကို မြန်မာအစိုးတပ် စစ်အင်အား တိုးချဲ့ ဖြည့်တင်းလာခြင်း ဖြစ်သည်။

“ဒီတလော အောင်လော့ဒ် ဒေသနဲ့ KIA တပ်ရင်း ၄ ထိန်းချုပ်နယ်မြေ တွေမှာ တပ်ဆုတ်သွားပြီး KIO ဗဟိုဌာနချုပ်ဘက်ကို ဝင်လာတာ ၃ ရက်လောက်ရှိပြီ။ ဝင်လာတဲ့တပ်ဖွဲ့တွေက တပ်ချိန်း (တပ်အပြောင်းအလဲလုပ်) ဖို့လား ဆိုတော့လည်း မူလရှိနေတဲ့ တပ်တွေ ပြန်ဆုတ်သွားတာလည်း မတွေ့ရဘူး” ဟု လိုင်ဇာ KIO ပြန်ကြားရေး တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး Nhpang Naw Bu က ပြောပါသည်။

အင်ဂျန်းယန်မြို့နယ်၊ ဖားကန့်မြို့နယ် နှင့် တနိုင်းမြို့နယ် များအတွင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော အစိုးရတပ်များ ဆုတ်ခွာသွားခြင်း ရှိသော်လည်း ကချင်ပြည်နယ် အပြင်ဘက်ကို ထွက်သွားခြင်း မတွေ့ရကြောင်း သူက ပြောသည်။ 

ထို့အပြင် မြစ်ကြီးနား-ဗန်မော် လမ်းတစ်လျှောက်ရှိ Gara Yang၊ Gangdau Yang၊ Namsan Yang၊ Hkaya Bum၊ Laja Yang၊ Dawhpum Yang နှင့် N’mawk (မိုးမောက်) ကနေ Sinlum Bum (စိန်လုံ)၊ Yaw Yung ဘက်ကို စစ်အင်အား ဖြည့်တင်း နေကြောင်း ဒုဗိုလ်မှူးကြီးက ဆက်ပြောပါသည်။ 

ရှမ်းပြည်နယ်မြောက်ပို်င်း KIA တပ်မဟာ (၆) နယ်မြေ ၁၀၅ မိုင်၊ ပန်ဆိုင်း (ကြူကုတ်) နှင့် မုန်းကိုး ဘက် မှာလည်း မြန်မာစစ်တပ် ဝင်ထွက် သွားလာ လှုပ်ရှားမှုများ ရှိနေကြောင်း ဒေသခံများ ဆိုသည်။

June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...